1. Home
  2. Movie Stars - Celebrity

ဖျော်ဖြေပွဲအတွင်း စင်ပေါ်တွင် ချော်လဲခဲ့တဲ့ Selena Gomez

Movie Stars - Celebrity มิ.ย. 22, 2559 view 1,563

နာမည်ကျော် အဆိုတော် သရုပ်ဆောင်မင်းသမီး Selena Gomez ဟာ ဇွန် ၁၉ ရက်ညက အမေရိကန်ပြည်ထောင်စု အော့ခ်လာဟိုမားပြည်နယ် တူလ်ဆာမြို့၌ ကျင်းပပြုလုပ်သော ၎င်း၏ “Revival World Tour” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပစဉ် စင်ပေါ်တွင် ချော်လဲခဲ့သည်။

Selena Gomez ဟာ “Kill Em With Kindness” တေးသီချင်းကို ဖျော်ဖြေနေစဉ် ခြေချော် သွားခဲ့ပြီး မြေပြင်ပေါ်သို့ ချော်ကျခဲ့ခြင်း ဖြစ်သည်။ ”ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ ပထမဆုံးချော်လဲတာဟာ တူလ်ဆာမြိ့မှာ ဖြစ်ပေါ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ ယုံမလား” ဟု ရယ်မောကာ ပြောကြားခဲ့ ပြီး  မတ်တပ်ပြန်ရပ်ခဲ့ပြီး  တေးသီချင်းကို ဆက်လက် ဖျော်ဖြေခဲ့သည်။ Selena ၏ ရည်းစားဟောင်းဖြစ်သူ Bieber ကနေဒါနိုင်ငံ ဆက်ကာတွန်မြို့ တွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲတွင် ချော်လဲခဲ့ပြီးနောက် ရက်ပေါင်းများစွာအကြာ ဆလီနာသည် လည်း ဖျော်ဖြေပွဲတွင် ချော်လဲခဲ့ခြင်း ဖြစ်သည်။

Selana ၏ “Revival Tour” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို လက်စ်ဗီးဂက်စ်မြို့၌ မေလတွင် စတင် ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် မက္ကဆီကိုနိုင်ငံ၌ အဆုံးသတ်သွားမည် ဖြစ်သည်။

Credit:Mizzima



Follow us on