1. Home
  2. Myanmar News

မထသ ကို သုံးလအတွင်း ဖျက်သိမ်းမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆို

Myanmar News มิ.ย. 23, 2559 view 1,849

ယာဉ်လိုင်းပေါင်း ၃၅၀ ကျော်ကို စီမံကွက်ကဲနေသည့် ရန်ကုန်မြို့တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ (မထသ) ကို သုံးလအတွင်း ဖျက်သိမ်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန်လ ၁၉ ရက်နေ့တွင် ပြောသွားခဲ့ပါတယ်။

''လက်ရှိအချိန်မှာ မထသဟာ ဒီတာဝန် တွေကို ထိန်းသိမ်းခဲ့တယ်။ ဒါပေမဲ့ အာဏာ မရှိဘူး။ အစိုးရက အပ်နှင်းထားတဲ့ အာဏာ စက်ဥပဒေ မရှိဘူး။ ကျွန်တော်တို့အနေနဲ့ ဒီ အခြေအနေတွေကို ပြင်မှရမယ်။ မထသအ နေနဲ့ ပြင်မယ်ဆိုရင် မထသအနေနဲ့ သွားလို့ မရပါဘူး။ ခိုင်မာတိကျတဲ့ ဗကအ့သမငအပ တစ်ခု လိုအပ်တယ်။ ဒါကြောင့် မထသ နေရာမှာ ဝင်လာမယ့် အာဏာပိုင်အဖွဲ့အစည်း ဖွဲ့စည်း မှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြော ပိတ်စို့မှု၊ ယာဉ်စည်းကမ်း မလိုက်နာမှု တွေ နေ့တိုင်းကြုံတွေ့နေရပါတယ်။ ဒီပြသနာတွေကို ဖြေရှင်းပေးရန် အာဏာပိုင်အဖွဲ့အစည်း ဖွဲ့စည်းရန် လိုအပ်ပါတယ်။
 



Follow us on