1. Home
  2. Special or Others

သေပြီးသည့်လူများကို စကားပြောနိုင်တော့မည်ဟု သိပ္ပံပညာရှင်တစ်ဦး ကြေညာ

Special or Others มิ.ย. 23, 2559 view 1,813

ကိုယ်ချစ်တဲ့လူတွေ သေသွားတဲ့အခါမှာတောင် စကားပြောနေနိုင်မဲ့ အခြေအနေကို မကြာခင်ရောက်လာတော့မယ်လို့ နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာ မစ်ချီအို ကာကူ က ပြောကြားလိုက်ပါတယ်။ လူတစ်ယောက်ရဲ့တစ်ကိုယ်ရေပုံစံတွေနဲ့ မှတ်ညဏ်တွေကို ကွန်ပြူတာမှာ သိမ်းထားပြီး ပုံရိပ်ယောင် အဖြစ် ရှင်သန်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းပုံရိပ်ကို ဖန်တီးပြီး အမြင်အာရုံဆိုင်ရာအရပါ ခံစားနိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ သီအိုရီရူပဗေဒဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ကာကူဟာ အောက်စဖို့ဒ်၊ ဟားဗတ်နဲ့ ဘာကလေ တက္ကသိုလ်တို့ကို တက်ရောက်ခဲ့သူဖြစ်ပြီး နာမည်ကြီးစာအုပ်တွေကိုလည်း ရေးသားထားသူ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ မှတ်ညဏ်အချက်အလက်တွေကို ကွန်ပြူတာထဲ ထည့်ထားကာ ပုံရိပ်ယောင်အဖြစ် သူတို့အသက်ရှင်နေသေးသလို ပြောနိုင်မယ်ဆိုရင် တကယ် မသေနိုင်တဲ့လူတွေ ဖြစ်လာပါတယ်လို့ ဒေါက်တာမစ်ချီအိုကာကူ က ပြောကြားထားပါတယ်။

Source: Duwun

Credit : mayoneyinponepyinmat/



Follow us on