1. Home
  2. Movie Stars - Celebrity

မွေးနေ့အလှူအဖြစ် သိန်း ၁၀၀ လှူထားတဲ့ မိုးဟေကို

Movie Stars - Celebrity มิ.ย. 23, 2559 view 1,549

ဇွန်လ(၂၆) ရက်နေ့မှာ ကျရောက်မယ့် မိုးဟေကိုရဲ့ မွေးနေ့ကုသိုလ်အဖြစ် မှော်ဘီ အောင်ဇမ္ဗူတောရ ကျောင်းတိုက် ငါးထပ်ကျောင်းဆောင် ဆောက်လုပ်မှုတွင် သိန်း ၁၀၀ ထည့်ဝင်လှူဒါန်းထားတယ်လို့ သိရပါတယ်။

သူမရဲ့ မွေးနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မိုးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် ပုံဖော်ထားတဲ့ ဒါရိုက်တာ စတီးလ်ရဲ့ " ခိုးဆိုးလုနှိုက်" ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသမယ့် နေ့လည်း ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားအတွက်လည်း ရင်ခုန်နေသလို ပရိသတ်တွေကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

အခုလက်ရှိမှာတော့ အခြားကုမ္ပဏီနဲ့ ရိုက်ကူးနေတဲ့ "သေနတ်တစ်လက် သနပ်ခါးတစ်စက် ဓါးတစ်လက်နဲ့ တူသော မိန်းမများ" ဇာတ်ကားကို ရိုက်ကူးနေတယ်လို့လဲ သိရပါတယ်။

Credit:Duwun



Follow us on