1. Home
  2. Special or Others

Best Friendက Boyfriendထက်သာတဲ့ အချက်(၅)ချက်

Special or Others มิ.ย. 23, 2559 view 1,615

(၁) Best Friendဆိုရင် မခြွင်းမခြံကြိုက်တာပြောပြလို့ရတယ်။

Best Friendနဲ့ဆိုရင် မိမိခံစားချက်အားလုံးကို ပွင့်ပွင့်လင်းလင်းပြောလို့ရပေမယ့် ရည်းစားနဲ့ဆိုရင် အခြေအနေကကြည့်ရပါသေးတယ်။ ခံစားရတဲ့အတိုင်း တစ်ခါတစ်လေ ပွင့်ပွင့်လင်းလင်းနေပြရင် အဲ့ဒိအားနည်းချက်ကို အသုံးချတဲ့ရည်စားမျိုး လည်း ရှိတတ်ပါသေးတယ်။

(၂) ကုန်ကျစရိတ်များတဲ့လက်ဆောင်တွေလည်းပေးစရာမလိုပါဘူး။

သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဆိုတာ ဘာမှမပေးလည်း ဘယ်တော့မှ စိတ်ဆိုးလေ့မရှိပါဘူး။ တစ်ခါတစ်လေပစ် ထားတာကြာရင်တောင် စိတ်မဆိုးကြပါဘူး။ (အကြာကြီးတော့လည်း မပစ်ထားနဲ့ပေါ့)။ ရည်းစားကတော့ အချစ်တွေအမြဲ တည်တန့်ဖို့လက်ဆောင်လေးတွေ အပြန်အလှန်ပေးကြရပါတယ်။ ဒီခေတ်ထားမှာ လက်ဆောင်လေးလို့သာခေါ်တာ ဈေး ကတော့ ခပ်ကြီးကြီးတွေချည်းပါပဲ။

(၃) အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတာ ဘဲနဲ့ညစာစားရတာနဲ့ အတူတူလောက်ပျော်ဖို့ကောင်းတယ်။

ညဘက်များ သူငယ်ချင်းတွေ အတူတူစုပြီ အိပ်ကြတာဆိုရင် အရမ်းပျော်ဖို့ကောင်းပါတယ်။ ဒီခံစားမှုက အသက်တွေကြီး လာပြီး အလုပ်တွေများတဲ့အခါရဖို့ မလွယ်တော့ပါဘူး။

(၄) လှလှပပပြင်စရာမလိုဘူး။

သင်လှလှပပပြင်သွားလည်း သင့်အချစ်ဆုံးသူငယ်ချင်းက ဂရုစိုက်မှာတောင်မဟုတ်ပါဘူး။ ပြင်လာလွန်းလို့ ရူးနေတာလား လို့တောင်မေးပါအုံးမယ်။ ချစ်သူနဲ့ဆိုရင်တော့ ကြည့်ကောင်းအောင် ပြင်ပြင်ဆင်ဆင်လုပ်ရပါသေးတယ်။

(၅) အားမနားပါးမနာပြောလို့ရတယ်။

အချစ်ဆုံးသူငယ်ချင်းတွေနဲ့ဆိုရင် အားမနာတမ်းပြောလို့ရပြီး ဆဲရင်တောင် ပြောင်စပ်စပ်နဲ့ပြန်ကြည့်တတ်ကြပါတယ်။ ရည်းစားနဲ့ဆိုရင်တော့ ဒေါသထွက်ရင်တောင် အညင်သာဆုံး စာလုံးတွေရွေးသုံးရပါတယ်။

Credit:Shwemom 

 



Follow us on