1. Home
  2. Movie Stars - Celebrity

သားမွေးတွေကို ထုတ်ကြွားလိုက်တဲ့ kim kardashian

Movie Stars - Celebrity มิ.ย. 23, 2559 view 1,614

kim kardashian က ဇွန်လ ၂၁ ရက်မှာ သူမရဲ့ ရောင်စုံသားမွေးထည်တွေကို ဗီဒီယိုရိုက်ပြီး Snapchat ကနေ တင်လိုက်ပါတယ်။

kim kardashian မှာ ချယ်ရီရောင်၊ အဝါရောင်၊ အဖြူရောင်လွလွနဲ့ အညိုရောင် သားမွေးစသဖြင့် ရောင်စုံရှိပါတယ်။ အဲဒီထဲမှာ သူမအကြိုက်ဆုံးက ကာတွန်းဇာတ်ကောာင် လူဆိုးဖြစ်တဲ့ Cruella de Vil ရဲ့ သားမွေးနဲ့တူတဲ့ အဖြူရောင်ပေါ်မှာ အနက်ရောင်အစက်တွေ ကြဲဖြန့်ထားတဲ့ သားမွေးထည် ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူမဟာ ဒီသားမွေးအင်္ကျီကို ဒီနှစ်ထဲမှာတင်ပဲ နှစ်ကြိမ်တိုင်တိုင် ဝတ်ခဲ့ပါတယ်။

သူမရဲ့သားမွေးထည် ဗီဒီယိုအပြင် ဇွန်လ ၂၀ ရက်မှာ ကျရောက်တဲ့ အဖေများနေ့တုန်းကလည်း ခင်ပွန်းသည် ကာညေးဝက်စ်နဲ့ သုံးနှစ်အရွယ် သမီး နော့တ်၊ ၆ လသားအရွယ် သားလေး စိန့်တို့နဲ့အတူ ကမ်းခြေမှာ ပျော်ရွှင်နေတဲ့ပုံကိုလည်း မျှဝေခဲ့ပါသေး တယ်။

Credit: Duwun



Follow us on