1. Home
  2. Special or Others

တရုတ်ခရီးသည်အမျိုးသားနှစ်ဦးက လေယာဉ်ပေါ်တွင် လေယာဉ်မယ်ကို ဆွဲထိုး

Special or Others มิ.ย. 23, 2559 view 1,670

ရိုးရိုးတန်းလက်မှတ် ၀ယ်ထားသည့် ၎င်းတို့ကို အထူးတန်းတွင်စီးခွင့် မပေးမှုဖြင့်တရုတ်ခရီးသည်အမျိုးသားနှစ်ဦးက လေယာဉ်ပေါ်တွင်လေယာဉ် မယ်ကို ဆွဲ ထိုးခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။ တိုင်ယန်အရပ်ဒေသမှ ချောင်ကင်အရပ်ဒေသသို့ ပျံသန်းရန် ပြင်ဆင်နေ သည့်တရုတ်ပြည်တွင်းခရီးစဉ်တွင် ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အထူးတန်းတွင် ၀င်ထိုင်သည့် အမျိုးသားနှစ်ဦးမှာ ရိုးရိုးတန်းလက်မှတ် သာဝယ်ထားသည့်အတွက် ရိုးရိုးတန်းကို ပြန်သွားရန် သို့မဟုတ်ဘဲ ငွေသားထပ်ဆောင်းပေးပါကလည်း အထူးတန်းတွင် ထိုင်နိုင်ကြောင်း လေယာဉ်မယ်က ၎င်းတို့ကို ပြောလိုက်ကြောင်း၊

သို့သော် ထိုလူများက ၎င်းတို့သည် လက်ထဲတွင် ငွေသားမရှိသဖြင့် အကြွေးဝယ်ကတ်ဖြင့်သာ ငွေကို ထပ်ဆောင်းပေးလိုသည်ဟု ပြောကာ အထူးတန်းတွင် ထိုင်မြဲတိုင်း ဆက်ထိုင်ကြောင်း၊ အခြားခရီးသည်က ကြား ၀င်သော်လည်း အချိန်မမီတော့ဘဲ လေယာဉ်မယ်မှာ လက်သီးဖြင့် အထိုးခံလိုက်ရတော့သည်။ ထို့ကြောင့်လေယာဉ်မှူးက လုံခြုံရေးကို ခေါ်လိုက်ရာ လုံခြုံရေးများ က ယင်းခရီးသည်နှစ်ဦးကိုလေယာဉ်ပေါ်မှ ဆွဲခေါ်သွားတော့သည်။

Credit : pyimyanmarnews/



Follow us on