1. Home
  2. Special or Others

ဗာဆိုင်းနန်းတော်ကြီး၏အပြင်ဘက်တွင် ကောင်းကင်မှကျလာသည့် ရေတံခွန်ကို ဖန်တီးပြုလုပ်ထားသောကြောင့် ခရီးသွားများအံ့သြမှင်တက်

Special or Others มิ.ย. 23, 2559 view 1,652

၁၇ ရာစုကတည်းက ကျော်ကြားလာခဲ့သောဗာဆိုင်းနန်းတော်ကြီးသည် ယခုအခါ ကောင်းကင်မှကျလာသည့်ရေတံခွန်ကြီးကြောင့် ပို၍ခံ့ညားထည်ဝါနေပြီဖြစ်သည်။ ၎င်းရေတံခွန်ကြီးသည် ဘုရင်louis Xiv ၏ဥယျာဉ်မှူးအန်ဒရီ လီနိုထရီ၏စိတ်ကူးကိုပြန်လည်အသက် သွင်းပုံဖော်ခဲ့ခြင်းဖြစ်ပြီး အနုပညာဖန်တီးသူအိုလာဖာအီလီယာဆင်က ပဲရစ် မြို့အနီး၌ ဖန်တီးပြုလုပ်ခဲ့သော လက်ရာသုံးခုထဲမှတစ်ခုဖြစ်သည်။ အသက် ၄၉ နှစ်အရွယ်အိုလာဖာသည် အိုက်စ်လန်း နှင့်ဒိန်းမတ်တို့တွင် ကြီးပြင်းခဲ့ရသူဖြစ်ပြီး ၎င်း၏လက်ရာများကို ဇွန်လ ၇ ရက်မှ အောက်တိုဘာလ ၃၀ အထိ ပြသထားမည်ဖြစ်သည်။

အိုလာဖာက အလင်းရောင်၊ ရှုထောင့်၊ ပစ္စည်းကိရိယာအချို့နှင့် စိတ်ပညာဆိုင် ရာအချက်အလက်များကို အသုံးပြု၍ ကောင်း ကင်မှရေများကျနေသည့် ရေတံခွန်သဏ္ဌာန် ဖန်တီးခြင်းဖြစ်ပြီး အိုလာဖာက အန်ဒရီလီ နိုထရီ၏ မပြီးဆုံးနိုင်ခဲ့သည့်အိပ်မက်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ ၎င်းင်း၏အခြားလက်ရာနှစ်ခုမှာ မြူခိုးများဖုံးလွှမ်းနေသည့်ဥယျာဉ်နှင့်ရေခဲအစိုင်အခဲကြီး အရည်ပျော်သည့်အခါ ကျန်ခဲ့တတ်သည့် ရေခဲတုံးအပိုင်းအစများ နှင့်အမှိုက်များကို ပုံဖော်ထားခြင်းဖြစ်သည်။

Credit : pyimyanmarnews/



Follow us on