1. Home
  2. Movie Stars - Celebrity

အီတလီ ဗိုလ်စွဲရင် ဝတ်လစ်စလစ် ဓာတ်ပုံတွေ တင်ပေးမယ့် အလှမယ်

Movie Stars - Celebrity มิ.ย. 24, 2559 view 1,658

ရုပ်သံအစီအစဉ် တင်ဆက်သူ မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ Cipriani က လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲမှာ အီတလီအသင်း ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဝတ်လစ်စလစ်ဓာတ်ပုံ တင်ပေးမယ်လို့ အင်စတာဂရမ်ကသူမရဲ့ ပရိသတ်တွေကို ကြေငြာလိုက်ပါတယ်။လက်ရှိအချိန်မှာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်တဲ့ အီတလီအသင်းက လက်ရှိချန်ပီယံ စပိန်နဲ့ တွေ့ဆုံရမှာ ဖြစ်တာကြောင့် မလွယ်ကူလှပါဘူး။

သူမတကိုယ်လုံးမှာ အီတလီအလံသာ ဖုံးအုပ်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တာဖြစ်ပြီး တကယ်လို့ အီတလီသာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဒီအလံကို ဆွဲခွာလိုက်မယ်လို့ အင်စတာဂရမ်မှာ ကြေငြာခဲ့တာဖြစ်ပါတယ်။ သူမဓာတ်ပုံတင်လိုက်တဲ့နေ့မှာပဲ အီတလီအသင်းက အုပ်စုနောက်ဆုံးပွဲစဉ်မှာ အိုင်ယာလန်ကို ရှုံးပွဲတွေ့သွားပါတယ်။သူမက အီကွေဒေါသူ အလှမယ်ဟောင်းတစ်ဦးဖြစ်ပေမယ့် အီကွေဒါက ကိုပါအမေရိကပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်က လှည့်ပြန်သွားရလို့ အီတလီအသင်းကို အားပေးနေတာဖြစ်ပါတယ်။

Credit:Duwun



Follow us on