1. Home
  2. Myanmar News

Lonely Planet ရဲ့လည်ပတ်စရာ အကောင်းဆုံးခရီးစဉ်ဆုကို မြန်မာနိုင်ငံရရှိ

Myanmar News มิ.ย. 24, 2559 view 1,530

၂၀၁၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေလည်ပတ်ဖို့ စိတ်ဝင်စားမှု အများဆုံးရခဲ့တဲ့ ခရီးစဉ်ဒေသဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက The Best Destination Award ဆုကိုရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဆုကို ဗြိတိန်အခြေစိုက် Lonely Planet ခရီးသွားမဂ္ဂဇင်းက ပေးအပ်ခဲ့တာဖြစ်ပြီး မဂ္ဂဇင်းရဲ့ ထိုင်းနိုင်ငံ ကုမ္ပဏီခွဲတစ်ခုက တာဝန်ယူပြီး ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလမှာ Online, Offline စနစ်နှစ်ခုနဲ့ စစ်တမ်းကောက်ယူ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ‘‘ခရီးသွားလုပ်ငန်းနယ်ပယ် ဈေးကွက်မြှင့်တင်ရေးနဲ့ လည်ပတ်မှု အများဆုံးဒေသအဖြစ် မြန်မာနိုင်ငံကို ရွေးချယ်ပြီးဆုပေးခဲ့တာ ဖြစ်ပါတယ်။

ရွေးချယ်မှုအတွက် ကမ္ဘာတစ်ဝန်းက ခရီးသည်တွေထံကနေ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်’’လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောပါတယ်။ The Best Destination Award ဆုကို Lonely Planet မဂ္ဂဇင်းက ၂၀၁၃ မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တို့မှာ နှစ်ကြိမ်တိတိ ရွေးချယ်ခံခဲ့ရတာပါ။

Credit : mayoneyinponepyinmat/



Follow us on