1. Home
  2. Special or Others

မယုံနိုင်အောင် ပြောင်းလဲသွားသူ

Special or Others มิ.ย. 24, 2559 view 1,567

Laura Micetich ဟာ အမေရိကန် Jackson မြို့က ၂၅ နှစ်အရွယ် ဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကလည်းက အလွန်ဝပြီး အတန်းဖော်တွေရဲ့ “လူဝကြီး” လို့ခေါ်ဝေါ်ကဲ့ရဲ့ခြင်းကိုခံရသူ ဖြစ်ပါတယ်။ လူတွေရဲ့လှောင်ပြောင်ခြင်းခံရတာ မကောင်းမှန်း သိပေမယ့် သူမဟာ တနေ့တခြားပိုပိုပြီး ဝလာခဲ့ရပါတယ်။ ဘွဲ့ရခဲ့ပြီး ချစ်သူသက်တမ်း ၄ နှစ်ပြည့်တဲ့နောက်မှာတော့ သူမဟာ သူမရဲ့ကိုယ်အလေးချိန်ကိုလျှော့ချသင့်ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သူမရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် ၃၀ဝ ကျော်နေခဲ့ပါပြီ။ ဒီလိုပိုပိုပြီး ဝလာတာကတော့ ကျန်မာရေးနဲ့ ညီညွတ်အောင်မနေတဲ့အပြင် အဆီအဆိမ့်တွေကို အလွန်အကျွံစား လေ့ရှိတာကြောင့် လို့ သူမက ဆိုပါတယ်။ အစတော့ သူမ ခန္ဓာကိုယ်ကို ဘယ်လို့မှ လျှော့ ဖို့ မဖြစ်နိုင်ဘူး လို့ထင်ခဲ့ပေမယ့် သူမရဲ့ ဆရာမ ဟာ အားပေးစကားတွေ နဲ့ စိတ်အားတက်ကြွစေတဲ့အပြင် လေ့ကျင့်ခန်းတွေလုပ်ဖို့ ကူညီခဲ့တဲ့ အတွက် သူမဒီလိုပုံစံ ဖြစ်လာခဲ့တာပါ လို့ဆိုပါတယ်။

ဆရာမက “မင်းသာ ညီညွတ်စွာစားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ရင် မော်ဒယ်ခန္ဓာကိုယ်တောင် ပိုင်ဆိုင်နိုင်တယ်” လို့ ပြောတာကြောင့် သူမ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ၂ နှစ်ကြာ မှန်မှန်စားပြီး Gym မှာ မှန်မှန်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ပေါင် ၃၀ဝ ကျော်ခန္ဓာကိုယ်ဟာ အခုမြင်ရတဲ့ ၁၁၅ပေါင် အဖြစ်ပြောင်းလဲ နိုင်ခဲ့ပါတယ်။ အခုဆိုရင် သူမဟာ တစ်ပတ်၆ရက် Gym ကို သွားလေ့ရှိပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားပါတော့တယ်။

Source & Photos - www.ayesay.com.mm (http://www.ayesay.com.mm/%e1%80%99%e1%80%9a%e1%80%af%e1%80…/ )

Credit : mayoneyinponepyinmat/



Follow us on