1. Home
  2. Special or Others

စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ချန်ဂီလေဆိပ်တွင် အရေးပေါ်ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွား

Special or Others มิ.ย. 27, 2559 view 1,645

စင်ကာပူလေကြောင်းလိုင်း (SIA) မှ Boeing လေယာဉ်တစ်စီးသည် ယနေ့ (ဇွန် ၂၇ ရက်) နံနက်ပိုင်းတွင် ချန်ဂီလေဆိပ်သို့ အရေးပေါ် ပြန်လည်ဆင်းသက်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

SIA ၏ ထုတ်ပြန်ချက်အရ Boeing 777-300ER အမျိုးအစား လေယာဉ်အမှတ် SQ368 သည် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ အီတလီနိုင်ငံ မီလန်မြို့ သို့ ယနေ့ (ဇွန် ၂၇ ရက်) နံနက်ပိုင်းက ပျံသန်းထွက်ခွာခဲ့စဉ် လေယာဉ်မှ လေယာဉ်ဆီများ စိမ့်ထွက်နေခဲ့သည့်အတွက် စင်ကာပူ ချန်ဂီလေဆိပ်သို့ ပြန်လှည့်လာခဲ့ရာ အရေးပေါ်ဆင်းသက်စဉ်နံနက် ၆ နာရီ ၅၀ မိနစ်တွင် လေယာဉ်၏ ညာဘက်အင်ဂျင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်တွင် ခရီးသည် ၂၂၂ ဦးနှင့် လေယာဉ်အမှုထမ်း ၁၉ ဦး လိုက်ပါခဲ့ပြီး အသေအပျောက် နှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း SIA က ထုတ်ပြန်ခဲ့သလို ခရီးသည်များကို ယနေ့တွင်ပင် အခြားလေယာဉ်တစ်စီးဖြင့် မီလန်သို့ ပို့ဆောင်ပေးမည်ဟု သိရသည်။

Ref: AFP , Photo: Channel News Asia

Credit : ElevenMediaGroup/



Follow us on