1. Home
  2. Special or Others

ထိုင်းနိုင်ငံ ဖတ္တရား ကမ်းခြေမှာ ဂျာမန် နိုင်ငံသား တဦး ဓါးထိုးခံရ

Special or Others มิ.ย. 27, 2559 view 1,618

ထိုင်းနိုင်ငံ ချွန်ဘူရီ ရှိ ဖတ္တရား ကမ်းခြေ အနီးက (ဘားဆိုင် တိုင်ပါတ် ကပွဲရုံနဲ့  နိုက်ကလပ်များရှိတဲ့လမ်း) Walking street မှာ လမ်းလျောက်နေသူ ဂျာမန်နိုင်ငံသား Mr Joen Guenter von Hedlen ဂျွန်ဂန်တာ အသက် ၄၉ နှစ်ကို ထိုင်းအမျိုးသမီးတဦးက ဓါးနဲ့ ကပ်ကြေးကို လက်နက်အဖြစ်သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ တရားခံအမျိုးသမီးဟာ ဖက်ချပူး ပြည်နယ်က Chayakorn ချရာကွန် ဆိုသူ အသက်၄၃ နှစ်ဖြစ်ပါတယ်၊ ဂျာမန် နိုင်ငံသားကတော့ လက်နဲ့  ကိုယ်မှာဒဏ်ရာတွေရပြီး ဆေးရုံပို့ ခဲ့ရပါတယ်။

အမျိုးသမီးက အမျိုးသားရဲ့  လိင်တန်ကို ဖြတ်ဖို့  ကြိုးခဲ့တာကို ဘေးနားက ကြည့်နေတဲ့သူတွေက ၀ိုင်းဆွဲ ဟန့် တားနိုင်ခဲ့ပါတယ်။ ခုလို ဒေါသနဲ့  ကျူးလွန်မိတာဟာ သူမကို အဆက်ဖြတ်ပြီး အမျိုးသမီး အသစ်တယောက်နဲ့  တွဲနေတာကို ခံပြင်းဒေါသထွက်ပြီး လုပ်ခဲ့တာပါလို့  ရဲစခန်းမှာ ၀န်ခံခဲ့ကြောင်း သိရပါတယ်။

Credit : http://www.thithtoolwin.com/



Follow us on