
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှ အသက် ၃၃ နှစ်အရွယ် လော်ရာလောရက်နှင့် အသက် ၄၄ နှစ်အ ရွယ် ဂျွန်နီဘန်ဆင်တို့သည် ခရစ်ယာန် ဘုရားကျောင်းတွင် လက်ထပ်ခဲ့ကြသည်။ညနေပိုင်းမင်္ဂလာပွဲ မစမီတွင် ၄င်းတို့က ဟော့စ်ထုသ် ရေလှောင်ကန်ကြီးနားသွား ကာနေ၀င်ဆည်းဆာအလှကိုနောက်ခံထားပြီး အလှဓာတ်ပုံရိုက်ခဲ့ကြသည်။
သို့ သော် ဇနီးအသစ်စက်စက်၏ လက်ကိုဆွဲကာ ကန်ရိုးတွင် လျှောက်နေသည့်အချိန်တွင်ပင် ဂျွန်နီသည် ခြေချင်းဝတ်တွင် မြွေပေါက်ခံလိုက်ရတော့သည်။ သို့သော် ကံကောင်းသည်မှာ မြွေသည် အဆိပ်မရှိသဖြင့် ၎င်းသည် ဆေးရုံ ခဏသာတက် လိုက်ရပြီး ညနေပိုင်းမင်္ဂလာဆောင်ကိုလည်း စီစဉ်ထားသည့် အတိုင်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ခဲ့သည်။ ထိုအဖြစ်အပျက်သည် ၎င်းတို့နှစ်ဦးအတွက် တစ်သက်တာလုံး အမှတ်ရစရာ ကိစ္စ ဖြစ်နေပေလိမ့်မည်။

Credit : pyimyanmarnews
comment