1. Home
  2. Movie Stars - Celebrity

သေကြောင်းကြံစည်ပြီး နှစ်ရက်အကြာ ကွယ်လွန်သွားတဲ့ Kim Seong Min

Movie Stars - Celebrity มิ.ย. 28, 2559 view 1,576

မိမိကိုယ်ကိုယ်သတ်သေ ရန် ကြိုးစားခဲ့ပြီးနောက် ဦးနှောက် သေသွားခဲ့သော တောင်ကိုရီး ယား သရုပ်ဆောင်မင်းသား Kim Seong Min ဟာ  ဇွန်လ ၂၆ ရက်တွင် ကွယ်လွန်သွားသည်။  ဇွန်လ ၂၆ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ဦးနှောက် သေသွားကြောင်းဆေးရုံ တာဝန်ရှိသူက အတည်ပြုခဲ့သည်။ ကင်ဆောင်မင်း၏ လှူဒါန်း မည့်ကိုယ်တွင်းအင်္ဂါများကို ထုတ် ယူရန် အသက်ရှူကိရိယာဖြင့်၎င်းအား ဆက်လက်အသက်ရှူ စေပြီးနောက် ခွဲစိတ်မှုအားလုံး ပြီးစီးသည့် ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ယင်းကိရိယာကို ဖယ်ရှားခဲ့သည်။ Seong Min ဟာ ကိုယ်တွင်းအင်္ဂါများကို လှူဒါန်းမည် ဟု အမြဲပြောခဲ့သဖြင့် မိသားစုက ယင်းသို့လှူဒါန်းရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။  နှလုံး၊ အဆုတ်၊ ကျောက်ကပ် များ၊ အသည်းနှင့် မျက်ကြည်လွှာ များကို လူနာငါးဦးအား လှူဒါန်း မည်ဖြစ်သည်။

 ဇွန်လ ၂၄ ရက်တွင် ဇနီးဖြစ်သူနှင့်စကား များရန်ဖြစ်ခဲ့ပြီးနောက် ရေချိုးခန်း ထဲ၌ မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့သည်။ ၎င်းသေဆုံးမှု သည် လူသတ်မှုဖြစ်သည်ဟူသော အထောက်အထားများ မရှိဟု ရဲတပ်ဖွဲ့က ပြောသည်။ အသက် (၄၃)နှစ်တွင် ကွယ် လွန်ခဲ့သော ကင်ဆောင်မင်းသည် Miss Mermaid, Lotus Flower Fairy နှင့် Couple or Trouble ကေဒရာမာ ဇာတ်လမ်းတွဲများဖြင့် မြန်မာပရိသတ်များအကြား နာ မည်ကျော်ကြားသော သရုပ် ဆောင်မင်းသားဖြစ်သည်။

Credit:7Day daily



Follow us on