1. Home
  2. Myanmar News

ကမ္ဘာ့စကိတ်ပြိုင်ပွဲအတွက် လူရွေးပွဲကို ရန်ကုန်မှာပြု လုပ်မည်

Myanmar News มิ.ย. 28, 2559 view 1,589

ကမ္ဘာ့စကိတ်ချန်ပီရှစ် ပြိုင်ပွဲကို ဝင်ရောက်ဖို့အတွက် မြန်မာ့လက်ရွေးစင် စကိတ်စီးကစားသမားတွေကို ရွေးချယ်မှာဖြစ်ပြီး အဆိုပါရွေးချယ်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ သြဂုတ်လထဲမှာ ကျင်းပမှာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးက စကိတ်သမားတွေပါဝင်နိုင်မယ့်ပွဲမျိုးလုပ်ကာ ရွေးချယ်ဖို့ စီစဉ်ထားတယ်လို့ စကိတ်စီးဝါသနာရှင်များအသင်းဥက္ကဋ္ဌ ကိုလွင်လတ်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ စကိတ်ကွင်းရရှိဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြထားပြီး အမျိုးသားရော အမျိုးသမီးပြိုင်ပွဲများပါ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးခန့် ထည့်သွင်းကျင်းပဖို့ ညှိုနှိုင်းစီစဉ်နေကြောင်း သိရပါတယ်။၂၀၁၆ ကမ္ဘာ့ချန်ပီယံရှစ် စကိတ်ပြိုင်ပွဲကို လာမယ့်နိုဝင်ဘာလမှာ ၁၈ ရက်ကနေ ၂၂ ရက်နေ့ အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Credit:duwun



Follow us on