1. Home
  2. Movie Stars - Celebrity

ကွားရှင်လိုက်ပြီဖြစ်တဲ့ Nicolas Cage နှဲ့ Alice Kim

Movie Stars - Celebrity มิ.ย. 28, 2559 view 1,752

ဟောလီးဝုဒ်မင်းသားကြီး Nicolas Cage နှဲ့ Alice Kim တို့ဟာ ၁၂ ကြာ အိမ်ထောက်သက်တမ်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် ဇန်န၀ါရီက လတည်းက ကွာရှင်းလိုက်ပြီဖြစ်ကြောင်း Nicolas Cage ကိုယ်စားလှယ်က ဇွန် ၂၄ ရက်တွင် The Times သတင်းစာကို ပြောကြားခဲ့သည်။

အသက် ၅၂ နှစ်အရွယ်ရှိ Nicolas Cage နှင့် အသက် ၃၂ နှစ်အရွယ်ရှိ Alice Kim တို့ နှစ်ဦးသည် Alice စားပွဲထိုးလုပ်သည့် လော့စ်အိန်ဂျလိစ် စားသောက်တိုင်တွင် တွေ့ဆုံခဲ့ပြီး နောက် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက စတင်တွဲခဲ့ခြင်း ဖြစ်သည်။ နှစ်လကြာပြီးနာက် ၎င်းတို့နှစ်ဦးသည် စေ့စပ်ခဲ့ကြပြီး ၂၀၀၄ ခုနှစ် သြဂုတ်လတွင် ကာလီဖိုး နီးယားပြည်နယ် မြောက်ပိုင်းရှိ မွေးမြူရေးခြံကြီးတွင် လက်ထပ်ခဲ့ကြသည်။ Nicolas Cage နှဲ့ Alice Kim တို့ ဟာ ကာလဲအလ်အမည်ရှိ အသက် ၁၀ နှစ်အရွယ် သားတစ်ယောက် ထွန်းကားခဲ့သည်။

Alice Kim ဟာ Cage ရဲ့ တတိယမြောက် ဇနီးဖြစ်ပြီး Cage သည် Alice Kim နှင့် လက်မထပ်ခင်က နှစ်ကြိမ် လက်ထပ်ထားဖူးသူတစ်ဦး ဖြစ်သည်။ Cage သည် ၁၉၉၅ ခုနှစ်က ပက်ထရစ်ရှာအာခက်နှင့် လက်ထပ်ခဲ့ပြီး ငါးနှစ်ကြာ ပေါင်းသင်းခဲ့ကြောင်းနှင့် ၂၀၀၂ ခုနှစ်က လီဆာမရီပရက်စ်လေနှင့် လက်ထပ်ခဲ့ပြီး လေးလခန့် ပေါင်းသင်းခဲ့သည်။ Nicolas Cage သည် မော်ဒယ် ခရစ္စတီးနားဖော်တန်နှင့်လည်း ပတ်သက်ခဲ့ဖူးပြီး ၀ပ်စတန် အမည်ရှိ အသက်၂၅ နှစ်အရွယ် သားတစ်ယောက် ထွန်းကားခဲ့သည်။

Credit: Mizzima



Follow us on