1. Home
  2. Movie Stars - Celebrity

Kendall Jenner ၊ Gigi Hadid တို့နဲ့ အဆင့်မတူပါဘူးဆိုတဲ့ Hailey Baldwin

Movie Stars - Celebrity มิ.ย. 28, 2559 view 1,595

Kendall ၊ Gigi နဲ့ Hailey Baldwin တို့ သူငယ်ချင်း ၃ ယောက်ဟာ မကြာခဏ တွဲသွားတွဲလာ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ က Hailey Baldwin သူမဟာ သူမရဲ့အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်လို စူပါမော်ဒယ်လို့ မထင်ဘူးလို့ ဆိုပါတယ်။

အသက် ၁၉ နှစ်အွယ် မော်ဒယ်ဟာ သူမ သဘောအကျဆုံးနဲ့ အချစ်ဆုံးသူငယ်ချင်း မော်ဒယ်နှစ်ယောက်နဲ့ နှိုင်းယှဉ်စရာလို့ ယူဆမထားပါဘူး။ " Gigi နဲ့ Kendall Jenner တို့ ရောက်နေတဲ့ အဆင့်မှာ ကျွန်မ ရှိမနေပါဘူး။ ကျွန်မကိုယ်ကျွန်မ စူပါမော်ဒယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး" လို့ သူမက ဝန်ခံခဲ့ပါတယ်။

ဂျက်စတင်ဘီဘာရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်ပြီး ရည်းစားလည်းဖြစ်ဖူးတယ်လို့ နာမည်ထွက်ခဲ့တဲ့ Hailey Baldwin ဟာ သရုပ်ဆောင် စတီဖင်ဘောဝင်းရဲ့ သမီးလည်း ဖြစ်ပါတယ်။

သူမဟာ Ralph Lauren၊ Topshop နဲ့ French Connection တို့အတွက် မော်ဒယ်လုပ်ပေးနေသူဖြစ်ပြီး ယခင်က Ford Models အေဂျင်စီနဲ့ စာချုပ်ချုပ်ခဲ့ကာ အခုတော့ IMG Models နဲ့ စာချုပ်ချုပ်ထားပါတယ်။

Credit:Duwun



Follow us on