1. Home
  2. Special or Others

အစ္စရေးက ကမ္ဘာကြီးနှင့်ပါလက်စတိုင်းကို ပြန်လည်ဆက်သွယ်ပေးရန်ဒေါ်လာငါးဘီလျံကျွန်းတုကြီးတစ်ခု

Special or Others มิ.ย. 28, 2559 view 1,629

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသနှင့်ကမ္ဘာကြီးကို ပြန်လည်ဆက်သွယ်ပေး ရန် ဒေါ်လာ ၅ ဘီလျံအကုန်အကျခံ၍ ကျွန်းတုကြီးတစ်ခုတည်ဆောက်ပေး သွားမည်ဖြစ်သည်ဟု သိရသည်။ အစ္စရေးအစိုးရ၏ လုံခြုံရေးအစိုးရအဖွဲ့က ၀န်ကြီးချုပ် နေတင်ယာဟုကိုယ်တိုင် ခွင့်ပြုချက်ပေးထားသည့် စီမံကိန်းနှင့်ပတ်သက်၍ အတည်ပြုပေးရန် လုပ်ဆောင်နေကြပြီဖြစ်သည်။ ၎င်းကျွန်းတုနှင့် ဂါဇာကမ်းမြောင်ဒေသကို သုံးမိုင်အရှည်ရှိသောတံတား တစ်ခုနှင့်ဆက်သွယ်ပေးထားမည်ဖြစ်ပြီး လေဆိပ်နှင့် ဆိပ်ကမ်းကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားမည်ဖြစ်သည်။ နေတင်ယာဟု၏ ထိပ်တန်းအကြံပေးတစ်ဦးက အစ္စရေးအတွက် လုံခြုံမှုရှိလျှင် ဂါဇာကမ်းမြောင်ဒေသအား တင်းကြပ်ထားမှုများကို ဖြေလျှော့မပေးနိုင်စရာ အကြောင်းမရှိဟု ဆိုခဲ့သည်။

ကျွန်းတုတွင် အစ္စရေးက လုံခြုံရေးစစ်ဆေးမှုများကိုဦးဆောင်ပြုလုပ်သွားမည်ဖြစ်သော်လည်း ပါ လက်စတိုင်းနှင့်နိုင်ငံတကာအသိုင်းအ၀ိုင်းကသာ ကျွန်း၏အုပ်ချုပ်မှုအတွက် ဦးစီးလုပ်ဆောင်သွားမည်ဖြစ်သည်။ ၎င်းက “လူ နှစ်သန်းလောက်ကို ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်ထားတာ မှန်ကန်တဲ့ကိစ္စမဟုတ်ပါဘူး။ သူတို့တွေအတွက် အခက်အခဲဖြစ်လို့ အစ္စရေးမှာ ဘာမှအကျိုးရှိလာ မှာမဟုတ်ပါဘူး။ ဒါပေမဲ့လုံခြုံရေး ပြသနာ တွေကြောင့် ဂါဇာမှာ ဆိပ်ကမ်းနဲ့ လေဆိပ်ဆောက်ပေးလို့မရပါဘူး”ဟု ဆို ခဲ့သည်။ ဒုတိယပါလက်စတိုင်း ဆူပူအုံ ကြွမှုအတွင်း အစ္စ္စ္စ်္စရေးက ဂါဇာလေဆိပ်ကို ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိဂါဇာ၏ ဆိပ်ကမ်းငယ်လေးမှာလည်း ကွန်တိန်နာ သင်္ဘောကြီးများကို ဆိုက်ကပ်နိုင်ခြင်းမရှိ ဟု သိရသည်။ ၂၀၀၇ ခုနှစ်တွင် ဟားမက် စ်အဖွဲ့က အာဏာသိမ်းလိုက်သည့်အချိန် မှစတင်ကာ အစ်္စရေးနှင့်အီဂျစ်က ဂါဇာကို တားမြစ်မှုများထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး IS အဖွဲ့ထံ လက်နက်များရောက်ရှိမသွားစေရန်အတွက် တားမြစ်မှုများက ရှိနေဆဲဖြစ် သည်။

ထို့ကြောင့် ဂါဇာရှိလူဦးရေ ၁ ဒသမ ၈ သန်းကို ပိတ်ဆို့ထားသကဲ့သို့ဖြစ်နေပြီး လက်ရှိအစ္စရေးက ဂါဇာသို့နေ့စဉ်ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ထားသည့်ကုန်ကားပေါင်း ၈၀၀ ပို့ဆောင်ပေးနေသော်လည်း ကုလသမဂ္ဂက မလုံလောက်သေးဟု ဆိုခဲ့သည်။ ကျွန်းတုသည် နိုင်ငံတကာ ရေပိုင်နက်ထဲတွင် ရှိနေမည်ဖြစ်ပြီး ပါလက်စတိုင်းတို့ကို စီးပွားရေးလွတ်လပ်ခွင့် ပေးစွမ်းနိုင်မည်ဖြစ်သည်။ ကျွန်းတုဆောက်လုပ်ရေးနှင့် ပတ်သက်၍ အမေရိကန်ကိုလည်း အကြောင်းကြားထားပြီဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများကလည်း ငွေကြေး ထောက်ပံ့ပေးကြမည်ဖြစ်သည်။ အနောက်နိုင်ငံများကထောက်ခံသော ပါလက်စတိုင်းအာဏာပိုင်များကလည်း ကျွန်းတုဆောက်လုပ်မည့် အစီအစဉ်ကို ထောက်ခံမည်ဟု ယူဆရသည်။

Credit : Pyi Myanmar



Follow us on