1. Home
  2. Myanmar News

ဆယ်ကျော်သက် မိန်းမပျိုတစ်ဦးအား ပထွေးမှသားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှု မိခင်က တိုင်ကြား

Myanmar News มิ.ย. 29, 2559 view 1,582

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ယားပင်ကျေးရွာတွင် ဆယ်ကျော်သက် မိန်းမပျိုလေးတစ်ဦးအား ပထွေးဖြစ်သူမှ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှုကို မိခင်မှ ဖောင်းပြင်မြို့မရဲစခန်းတွင် ဇွန်၂၇ ရက်၌ အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။ "အမှုဖွင့်ထားပြီးပါပြီ။ တရားခံလည်း ဖမ်းမိပြီးပါပြီ။ လောလောဆယ် ရမာန်ယူထားပါတယ်။ ကလေးမလေး အသက်က (၁၃)နှစ်လို့ သိရတယ်။ ကလေးမရဲ့ပထွေးပါ။ သူတို့က မောင်နှမ နှစ်ယောက်ထဲရှိတာပါ၊ တရားခံဖမ်းပြီး အမှုစစ်အဖြစ် ကျွန်တော်ပဲစစ်ဆေးနေပါတယ်။" ဟု ဖောင်းပြင်မြို့မ ရဲစခန်းမှ ဒုရဲမှူးကြင်စိန်က ပြောသည်။

ဇွန် ၂၁ရက်တွင် အသက် ၄၃ နှစ်အရွယ် မိခင်ဖြစ်သူ ဈေးသို့ငါးရောင်းသွားစဉ် အိမ်၌ အသက် ၁၃ နှစ်အရွယ် သမီး၊ ၁၁ နှစ်အရွယ်သားတစ်ဦးနှင့် အသက်၂၈ နှစ်အရွယ် ပထွေးဖြစ်သူ စုစုပေါင်း သုံးဦးတို့ အိမ်တွင် ကျန်ရစ်နေခဲ့ပြီး သမီးဖြစ်သူကျန်းမာရေးမကောင်းသဖြင့် အိပ်ခန်းထဲအိပ်နေစဉ် ပထွေးဖြစ်သူမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ ပထွေးဖြစ်သူမှ မိခင်အားမပြောရန်နှင့် ပြောလျှင်သတ်ပြစ်မည်ဟု ကြိမ်းဝါးပြောဆိုခဲ့ပြီး ယခင်ကလည်း မိခင်မရှိခိုက် သားမယားအဖြစ်ငါးကြိမ်ပြုကျင့်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ၂၀၁၆၊ ဇွန်၂၇ ရက်က မိခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဖောင်းပြင်မြို့မရဲစခန်းမှ အမှုကြီး အမှတ်စဉ်-၅/၂၀၁၆၊(ပ)၅၇/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ(၃၇၆)အရ အမှုဖွင့်ထားကြောင်း သိရသည်။

Credit : http://www.thithtoolwin.com/



Follow us on