1. Home
  2. Movie Stars - Celebrity

ဇာတ်လမ်းပြန်စတဲ့ အမှတ်တရ kylie jenner ဆီက လက်စွပ်လက်ဆောင်ရခဲ့တဲ့ tyga

Movie Stars - Celebrity มิ.ย. 29, 2559 view 1,545

မော်ဒယ်လေး kylie jenner နဲ့ ရပ်ပ်အဆိုတော် tyga တို့ ပြန်တွဲနေပြီဆိုတဲ့သတင်းဟာ စနေညမှာ နှစ်ယောက်သားအတူအပြင်ထွက်တာကို မြင်ရပြီးနောက် ခိုင်လုံသေချာသွားပါတော့တယ်။ tyga အတွက်ကတော့ အချိုပေါ်သကာဆင့်ဆိုသလို ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးဆယ်လီဖြစ်နေတဲ့ kylie နဲ့ ပြန်တွဲရရုံသာမက စိန်လက်ပတ်တစ်ခုကိုတောင် လက်ဆောင်ရလိုက်ပါသေးတယ်။

အနောက်ဟောလိဝုဒ်က 1Oak နိုက်ကလပ်ကို နှစ်ယောက်တွဲရောက်လာတော့ tyga ဟာ ပါးစပ်ကိုဖြီးနေတာပဲလို့ မြင်ရသူတွေက ဆိုပါတယ်။ TMZ သတင်းမှာ ဖော်ပြချက်အရတော့ ဒီစိန်လက်ပတ်ဟာ ဒေါ်လာ လေးသောင်းခွဲလောက် တန်ပါသတဲ့။ ဒီဇိုင်နာကတော့ ဒီပစ္စည်းကိုလုပ်ရတာဟာ သူ့တစ်သက်တာမှာ လက်အဝင်ဆုံးနဲ့ အခက်ခဲဆုံးပဲလို့ ပြောခဲ့ပါတယ်။

Credit:Duwun



Follow us on