1. Home
  2. Movie Stars - Celebrity

ဖျော်ဖြေပွဲမှာ ဆဲမိလို့ ဖမ်းဆီးခံရတဲ့ 50 Cent

Movie Stars - Celebrity มิ.ย. 29, 2559 view 1,522

အမေရိကန် အဆိုတော် 50 Cent သည် ဇွန်လ ၂၅ ရက်တွင် ကာရစ်ဘီ ယံပင်လယ်ရှိ စိန့်ကစ်ကျွန်း၌ဖျော်ဖြေစဉ် အများပြည်သူရှေ့တွင် ဆဲရေးမှုကြောင့် ရဲတပ်ဖွဲ့၏ ဖမ်း ဆီးခြင်း ခံခဲ့ရသည်ဟု ၎င်း၏ ကိုယ်စားလှယ်က Daily News သတင်းအား အတည်ပြုပြောကြား သည်။

Curtis Jackson ခေါ် ရက် ပါ 50 Cent သည် မူလအစက ယင်းဖျော်ဖြေပွဲ၌ အစီအစဉ်မှူး အဖြစ် ဆောင်ရွက်ရန်သာ အစီ အစဉ်ရှိသော်လည်း နောက်ပိုင်း တွင် ပွဲစီစဉ်သူများ၏ တောင်းဆို မှုကြောင့် ဖျော်ဖြေတင်ဆက်ခဲ့ သည်။ သို့ရာတွင် ပွဲစီစဉ်သူများ၌ ၎င်း၏သီချင်းများအတွက် အသံ ကြည်လင်ပြတ်သားသော စီစဉ်မှု များမရှိ၍ 50 Cent သည် ဖျော် ဖြေစဉ်အတွင်း ဆဲရေးမိခဲ့သည် ဟု ကိုယ်စားလှယ်က ပြောသည်။

လူ ၄၀,၀၀၀ ခန့်ရှေ့မှောက်၌ ဆဲ ရေးမှုအတွက် ဖျော်ဖြေပွဲပြီး နောက် ရက်ပါ 50 Cent ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားပြီး ပြစ်မှုမှတ်တမ်းတင်ခဲ့ သည်။ ထို့နောက် အဆိုတော် သည် ဇွန်လ ၂၆ ရက်နံနက်တွင် တရားရုံး၌ ဒဏ်ငွေပေးဆောင်ခဲ့ရ သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။ စိန့်ကစ်ကျွန်း၌ အများပြည်သူရှေ့တွင် ရိုင်းစိုင်း သောစကားများ ပြောဆိုခြင်းကို ပြစ်မှုငယ်တစ်ခုအဖြစ် သတ်မှတ် ပြီး အပြစ်ကျူးလွန်သူအား ထောင်ဒဏ်ချမှတ်နိုင်သည်။

Credit:7Daily



Follow us on