1. Home
  2. Special or Others

LG က ခြင်များကို မောင်းထုတ်ပစ်နိုင်သည့်တီဗီကို အိန္ဒိယတွင် စတင်ရောင်းချမည်

Special or Others มิ.ย. 29, 2559 view 1,627

အီလက်ထရောနစ်ကုမ်္ပဏီကြီးဖြစ်သောLGက နှုန်းလွန်အသံလှိုင်းအစိတ် အပိုင်းထည့်သွင်းထားသည့် ခြင်များကို မောင်းထုတ်နိုင်သောတီဗီကို စတင်ဈေးကွက်တင်ရောင်းချတော့မည်ဖြစ်သည်ဟု ကြေညာခဲ့သည်။ တောင်ကိုရီးယားအခြေ စိုက်ကုမ္ပဏီက နှုန်းလွန်အသံလှိုင်းနည်း ပညာဖြင့် ခြင်များကိုမောင်းထုတ်နိုင်ရန် လုပ်ဆောင်ထားသော Mosquito Away line of TVs ကို ၃၂ လက်မ Screen နှင့် ဒေါ်လာ ၄၀၀ ဖြင့် အိန္ဒိယ၌ စတင် ရောင်းချပေးသွားမည်ဖြစ်သည်။၎င်းတီဗီများကို အိန္ဒိယတွင် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်၌ “နှုန်းလွန်အသံလှိုင်းတွေက ခြင်တွေကို မောင်းထုတ်ပေးနိုင်ပါတယ်။

အန္တရာယ်ရှိတဲ့ဓာတုဗေဒပစ်္စည်းတွေအသုံးမပြုထားလို့ အနံ့လည်းမနံ၊ကျန်းမာရေးအတွက် လည်း စိတ်ချရပါတယ်”ဟု ထုတ်လုပ်သူ က ဆိုသည်။ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် နှစ်က ဒေလီမြို့တစ်မြို့တည်း၌ပင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၅၀၀ ကျော်ရှိခဲ့သည့်အတွက် ခြင်အန္တရာယ်မှာ အဓိကကျန်းမာရေးပြဿနာတစ်ခု သဖွယ် ဖြစ်လာနေသည်ဟု သိရသည်။

Credit : Pyi Myanmar



Follow us on