1. Home
  2. Movie Stars - Celebrity

Dalai Lama နှင့် တွေ့ဆုံမှုကြောင့် တရုတ်အစိုးရက Lady GaGa ကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့

Movie Stars - Celebrity มิ.ย. 29, 2559 view 1,535

အမေရိကန်ပေါ့ပ်ကြယ်ပွင့် Lady Gaga သည် ယောဂကျင့်စဉ်ကို ဆွေးနွေးရန် တိဘက်ဘုန်း တော်ကြီး Dalai Lama နှင့် တွေ့ဆုံခဲ့ပြီးနောက် တရုတ်အစိုးရသည် လေဒီဂါဂါကို တရုတ် ကွန်မြူ နစ်ပါတီက တားမြစ်ထားသည့် ရန်လိုသော ပြည်ပအင်အားစုများ စာရင်းအတွင်းသို့ ထည့်ခဲ့သည်။

Lady Gaga ဟာ အင်ဒီအာနာပိုလစ်မြို့တွင် ဆွေးနွေးပွဲမတိုင်မီ ဇွန် ၂၆ ရက်က တိဘက်ဘုန်း တော်ကြီး Dalai Lama နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ Lady Gaga သည် တရားထိုင်ခြင်းနှင့် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကဲ့သို့သော ကိစ္စရပ်များအကြောင်းကို ဆွေးနွေးထားသော ၁၉ မိနစ်စာ ဗီဒီယို ဖိုင်ကို ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် တင်ခဲ့သည်။

Dalai Lama နှင့် Lady Gaga တွေ့ဆုံပြီးနောက် ကွန်မြူနစ်ပါတီ၏ ၀ါဒဖြန့်ဌာနက တရုတ် ပြည်မကြီးတွင် Lady Gaga ၏ ဖျော်ဖြေတင်ဆက်မှုအားလုံးကို ပိတ်ပင်သွားရန် အရေးပေါ် ညွန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဇွန် ၂၇ ရက်ထုတ် ဟောင်ကောင်၏ ဒီမိုကရေစီ လိုလားသော သတင်းစာ Apple Daily တွင် ဖော်ပြထားသည်။

တရုတ်အစိုးရ၏ ဒေါသထွက်မှုတစ်ရပ်အဖြစ် Lady Gaga ၏ တေးသီချင်းများ ဖြန့်ချိပေးခြင်းကို ရပ်နားရန် တရုတ်ဝက်ဆိုက်ဘ်နှင့် မီဒီယာအဖွဲ့အစည်းများကို အမိန့်ထုတ်ပြန်ခဲ့ကြောင်း သတင်းစာ တွင် ပြောကြားထားသည်။

Credit:Mizzima



Follow us on