1. Home
  2. Movie Stars - Celebrity

သည်းထိတ်ရင်ဖို ဟာသဇာတ်လမ်းတွဲ Scream Queens 2 မှာ ပါဝင်သရုပ်ဆောင်မယ့် Taylor Lautner

Movie Stars - Celebrity มิ.ย. 29, 2559 view 1,589

အမေရိကန် သရုပ်ဆောင်မင်းသားTaylor Lautner ဟာ အမေရိကန် ရုပ်သံလိုင်း Fox မှ ထုတ်လွှင့် ပြသသော Scream Queens ဇာတ်လမ်းတွဲ Season 2 ၌ ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

Twilight သရုပ်ဆောင်မင်း သား Taylor Lautner သည် ယင်းဇာတ်လမ်းတွဲ ရာသီသစ်၌ Dr.Cassidy Cascade အဖြစ် သရုပ်ဆောင်မည်ဟု TVLine.com က ဖော်ပြသည်။ ၎င်း၏ ဇာတ်ရုပ်သည် ထူးဆန်းသော ဆေးဝါးဖောက်ပြန်မှုတစ်ခုကို ခံစားနေရပြီးနောက် တက္ကသိုလ်၌ ဖြစ်ပွားနေသော ဝမ်းနည်းဖွယ် အခြေအနေများနှင့်ပတ်သက်၍ သံသယရှိသူတစ်ဦး ဖြစ်လာခဲ့ သည့်အကြောင်းဖြစ်သည်။

ဇာတ်လမ်းတွဲ၌ ဂျွန်စတမ်းမို့စ်သည် ဆရာဝန်အဖြစ်သရုပ်ဆောင်မည် ဖြစ်သည်။ Scream Queens သည်း ထိတ်ရင်ဖို ဟာသဇာတ်လမ်းတွဲတွင် ဂျာမီလီကားတစ်၊ အမ်မာ ရောဘတ်၊ လီယာမစ်ချယ်တို့ လည်း ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။ အဆိုပါဇာတ်လမ်းတွဲ ကို စက်တင်ဘာ ၂၀ ရက်တွင် စတင်ထုတ်လွှင့်မည်ဟု Fox က ကြေညာခဲ့သည်။

Credit:7Daily



Follow us on