1. Home
  2. Special or Others

တရုတ်နိုင်ငံထုတ်ပစ္စည်းများဖြင့် သီးသန့်တီထွင်ထားသည့် ဆူပါကွန်ပျူတာထုတ်လုပ်

Special or Others มิ.ย. 29, 2559 view 1,636

တရုတ်နိုင်ငံမှ ပညာရှင်များသည် နိုင်ငံခြားထုတ် ပစ္စည်းများလုံးဝမပါဝင်ဘဲ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် microchip များဖြင့် ပြုလုပ်ထားသည့် ကမ္ဘာ့အမြန်ဆုံး ဆူပါကွန်ပျူတာကြီးတစ်လုံးကို တီထွင် ထုတ်လုပ် လိုက်ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။ ယင်းဆူပါကွန်ပျူတာသည် အမေရိကန်၏ နည်းပညာများ လုံးဝအသုံးပြုထားခြင်း မရှိဘဲ တရုတ်နည်းပညာ သက်သက်ဖြင့် ပထမဆုံး ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။ Sunway TaihuLight ဟုအမည်ပေးထားသည့် ယင်းကွန်ပျူတာကြီးသည် ယခင်တရုတ်နိုင်ငံ၌ ထုတ်လုပ် ခဲ့သော ဆူပါကွန်ပျူတာကြီးထက် နှစ်ဆပိုမြန်ကြောင်း၊ ပထမဆုံး ဆူပါကွန်ပျူတာကို အမေရိကန်ပြည်ထောင်စု Intel ကုမ္ပဏီထုတ် Chips များဖြင့်တည်ဆောက်ခဲ့ကြောင်း၊ ယင်းကွန်ပျူတာသည် ကမ္ဘာ့ထိပ်တန်း Top500 စာရင်း ဝင်ခဲ့ကြောင်း www.top500.org Website တွင် ဖော်ပြခြင်းခံခဲ့ရသည်။ Sunway TaihuLight ကွန်ပျူတာကြီးကို တရုတ်နိုင်ငံအရှေ့ပိုင်းမြို့တော် ဝူရှီးတွင်တည်ဆောက်ထားရှိပြီး မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းမှုများ၊ သိပ္ပံလက်တွေ့စမ်းသပ်မှုများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာသည်။

ယင်းကွန်ပျူတာကြီးတွင် အသုံးပြုသည့် CPU ကို ဝူရှီးပြည်နယ် Jiangnan Computing Research မှ ထုတ်လုပ် ထားခြင်းဖြစ်ပြီး၊ အသုံးပြုထားသော ကွန်ပျူတာ လုပ်ဆောင်ရေးစနစ် (Operating System) မှာ တရုတ်နိုင်ငံ တွင် Sunway Raise ဟုခေါ်နေသည့် Linux ကို အခြေခံထားသော OS စနစ်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် 100-plus petaflop စနစ်ကို တီထွင်နိုင်ခဲ့ပြီဖြစ်သောကြောင့် အမေရိကန်မှ Chip များကို ထုတ်လုပ်သည့် ကုမ္ပဏီကြီးများကို တန်းတူယှဉ်နိုင်ပြီဖြစ်ကြောင်း၊ လွန်ခဲ့နှစ်ကတည်းက အမေရိကန်ပြည် ထောင်စုက တရုတ်နိုင်ငံမှ ဆူပါကွန်ပျူတာသုတေသနလုပ်ဆောင်နေသည့် ဌာနလေးခုကို Xenon Chip များ ပေးပို့ခြင်းမပြုလုပ်ရန် တားမြစ်ပြီးသည့်နောက်တွင် တရုတ်တို့က မိမိတို့ကိုယ်ပိုင် အဆင့်မြင့် Chip များကို တီထွင်ကာ ဆူပါကွန်ပျူတာကြီးကို တည်ဆောက်နိုင်ခြင်းဖြစ်ကြောင်း Computer World မဂ္ဂဇင်းတွင်လည်း ရေးသားထားသည်။ အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်က Intel ကိုလည်း တရုတ်နိုင်ငံသို့ နည်းပညာများ ထောက်ပံ့ခြင်းမပြုရန် တားမြစ်ထားပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံပညာရှင်များသည် ပထမဆုံး ဆူပါကွန်ပျူတာကြီးထုတ်လုပ်ပြသပြီး အမေရိကန်တို့ကို တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

Source & Photo ; http://www.maukkha.org/…/internati…/9826-2016-06-27-11-00-29

Credit : mayoneyinponepyinmat



Follow us on