1. Home
  2. Movie Stars - Celebrity

ခြေထောက်အဆစ် လွဲခဲ့ပေ မယ့် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဆက်လက် ကျင်းပခဲ့တဲ့ Justin Bieber

Movie Stars - Celebrity มิ.ย. 29, 2559 view 1,835

ဆယ်ကျော်သက်အရွယ်များ အသည်းစွဲအဆိုတော် Justin Bieber ဟာ ဖျော်ဖြေပွဲတွင် စတိတ်စင်ပေါ်မှ ပြုတ်ကျခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ခြေထောက်အဆစ်လွဲခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Bieber ယခုအခါ ခြေထောက်အဆစ်လွဲနေသ်ာလည်း ၎င်း၏ “ The Purpose World Tour” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပခဲ့သည်။ Bieber အဆစ်လွဲနေသော ခြေထောက်ကို ရေခဲတွင်စိမ်ထားသည့် ဓာတ်ပုံကို အင်စတာဂရမ်တွင် တင်ခဲ့ပြီး ဘတ်စကတ် ဘောကစားစဉ် ခြေထောက် အဆစ်လွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ဒဏ်ရာဟာ Bieber ရဲ့ ဖျော်ဖြေပွဲကို ရပ်တန့်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ စင်စင်နာတီမြို့ ဖျော်ဖြေပွဲမှ ဗီဒီယိုကို မျှဝေခဲ့ရာ ခြေထောက်တစ်ဖက်သည် ခုန်ဆွခုန်ဆွ ဖြစ်နေသည်ကို တွေ့မြင်ရသည်။ Bieber ဟာ ဇွန် ၂၄ ရက်က ဘတ်စကတ်ဘော ကစားစဉ် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော်လည်း ဖျော်ဖြေပွဲကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။

Credit:Mizzima



Follow us on