
အသက် ၅၀ အရွယ် မိခင်တစ်ဦးဟာ မော်ဒယ်လေးလို လှပပြီး အရွယ်တင်တဲ့ သူမရဲ့ကိုယ်လုံးအလှ ဓာတ်ပုံတွေကို အင်တာနက်ပေါ် တင်ပြီးချိန်မှာတော့ ပရိသတ်များစွာ ရရှိသွားပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟန်နန်ပြည်နယ်၊ ရှင်းယန်မြို့မှာ နေထိုင်တဲ့ ရီဟာ အံ့သြစရာကောင်းအောင် အရွယ်တင် နုပျို လွန်းနေတာကို မြင်တွေ့ရပါတယ်။ နေ့စဉ် ၂ နာရီ လေ့ကျင့်ခန်းလုပ်တဲ့ အကျိုးကျေးဇူးကြောင့် ရီရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းက အရမ်းကို လှပနေပြီး အသားအရေကလည်း နုပျိုလန်းဆန်းနေတာ ဖြစ်ပါတယ်။ သူမဟာ နေ့စဉ် ရေကူးပြီး တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ် Gym သွားကစားတယ်လို့ ဆိုပါတယ်။

Gym မသွားတဲ့ ရက်တွေမှာတော့ သူမဟာ အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်လေ့ရှိပါတယ်။ အရွယ်ရောက်နေပြီဖြစ်တဲ့ သားတစ်ယောက်ရှိတဲ့ လှပနုပျိုလွန်းတဲ့သူမဟာGym ကစားခဲ့တာ အသက် ၂၀ ကျော်ကတည်းက ဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၂၀ ရှိနေပါပြီ။ သူမရဲ့ အိပ်မက်က Vicotria's Secret မော်ဒယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားမျိုး ရရန်ဖြစ်တယ်လို့ဆိုပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ သူမဟာ အဲဒီခန္ဓာကိုယ်မျိုး ပိုင်ဆိုင်နေပြီလို့ ပြောဆိုကြပါတယ်။ ရီဟာ အသက် ၈၀ ကျော်အထိ ဘီကီနီဝတ်နိုင်ဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

Source & Photos : the Sun
Credit : mayoneyinponepyinmat
comment