ရာစုနှစ်တစ်ခုအတွင်း တစ်ကမ္ဘာလုံးတွင်ဒုတိယအကြီးဆုံးစိန်ကြီးအား လန်ဒန်မြို့၏ Sotheby တွင် လေလံတင် ရောင်းချခဲ့သည်။ သို့သော်သတ်မှတ် ထားသော ကြမ်းခင်းဈေးမှာအလွန်မြင့်မားသောကြောင့် အဆိုပါ ၁၁၀၉ ကာရက်ရှိသော စိန်ကြီးလေလံတင်မှုမှာအောင်မြင်ခြင်းမရှိခဲ့ဘူးဟု Bloomberg သတင်းမှ ဇွန်လ ၂၉ရက်နေ့ တွင်ဖော်ပြချက်အရသိရပါသည်။
တင်းနစ်ဘောလုံးအရွယ်ရှိသော အဆိုပါစိန်ကြီးမှာယမန်နှစ် ဆောင်တွင်းပိုင်းက Lukla တွင်ရှိသော Botswana diamond companyပိုင် သတ္ထုတွင်းမှတူးဖော်ရရှိခဲ့ခြင်းဖြစ်ကာ “Lesedi La Rona”ဟု အမည်ပေး ထားသည်။ . Botswana ကုမ္ပဏီက ယခုနှစ် မေလတွင် အမေရိကန်ဒေါ်လာ ၆၃မီလီယံ တန်ဖိုးရှိ ၈၁၃ကာရက်ရှိသော စိန် အရိုင်းတုံးကိုရောင်းချခဲ့ပြီးနောက် တစ်ကာရက်ကို အမေရိကန်ဒေါ်လာ ၇၇၅၀၀ ဈေးနှုန်း မှတ်တမ်း တင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဈေးနှုန်းကိုအခြေခံကာ ၁၁၀၉ကာရက်ရှိ ကမ္ဘာ့ ဒုတိယအကြီးဆုံးစိန်ကြီး၏ ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာ ၈၆မီလီယံ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း တရားဝင်လေလံ တင်ရောင်းချ သော အမြင့်ဆုံး ကြမ်းခင်းဈေးနှုန်းမှာ ၆၁မီလီယံ သာဖြစ်သင့်သည့်အတွက် ၀ယ်ယူမည့်သူများ ခန့်မှန်း ထားသည်ထက် အဆမတန်များပြားနေသောကြောင့် လေလံတင်မှုမအောင်မြင်ခဲ့ခြင်းလည်းဖြစ်သည်။
Credit:china.com