ဟယ်ရီပေါ်တာ ကြယ်ပွင့် daniel radcliffe သည် ဇာတ်ညွန်း တရားနည်းလမ်းကျပါက ဟယ်ရီ ပေါ်တာ ဇာတ်ရုပ်ကို ထပ်မံ သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
”ဇာတ်ညွန်းအပေါ်မှာ မူတည်ပါတယ်။ အခြေနေတွေကတော့ ထူးခြားမှုတွေရှိနေမှာပါ။ အခုက တော့ ဟယ်ရီပေါ်တာ ဇာတ်ရုပ်ကိုတော့ သရုပ်ဆောင်ဖို့ မရှိသေးပါဘူး”ဟု အသက် ၂၆ နှစ်အရွယ်ရှိ daniel radcliffe က Radio Times ကို ပြောကြားခဲ့သည်။
Daniel radcliffe ကို ဘဏ်ဓားပြတိုက်သော စိတ်လှည့်စားမှုပညာရှင် အဖွဲ့အကြောင်း ရိုက်ကူး ထားသည့် ၂၀၁၃ ခုနှစ် ရုပ်ရှပ် နောက်ဆက်တွဲကား “Now You See Me 2” ဇာတ်ကားတွင် မကြာမီ မှော်ဆရာအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။ “Now You See Me 2” ရုပ်ရှင်ကားတွင် ဂျက်ဆီအီဆန်ဘက်၊ ဒေ့ဖ်ဖရန်ကို၊ ၀ူဒီဟာရဲလ်ဆန်၊ လစ်ဆီကပ်လန်တို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။ daniel radcliffe သည် ဟယ်ရီပေါ်တာ ဇာတ်ကား ရှစ်ကားတွင် ပါဝင် သရုပ်ဆောင်ထားခဲ့ဖူးသူ ဖြစ်သည်။
Credit:Mizzima