1. Home
  2. Special or Others

Sex doll နဲ့မှ ချစ်ကြိုက်မိနေတဲ့ ကိုရီးယားအမျိုးသား

Special or Others มิ.ย. 30, 2559 view 2,182

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ ကိုရီးယားနွယ်ဖွား အမျိုးသားတစ်ယောက်ဟာ Sex Doll နဲ့မှ သယာတဲ့အချစ်ကို ခံစားခဲ့ရတယ်လို့ mirror သတင်းဌာနမှာ ဖွင့်ဟခဲ့ပါတယ်။ သူ့အမည်ကိုတော့ နီးစပ်သူတွေက June Korea လို့ ခေါ်ကြပြီး ဓာတ်ပုံပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိအချိန်မှာ အသက် 34 နှစ်အရွယ်ကို ရောက်နေပါပြီ။ ယခင်က June ဟာ အထီးကျန်မှုကိုခံစားခဲ့ရသူ ဖြစ်ပြီး၊ 2014 ခုနှစ် ဒီဇင်ဘာလထဲမှာ Sex Doll တစ်ခုကို ၀ယ်ယူခဲ့ပါ တယ်။ သူမနာမည်ကို ‘ဧ၀’ (Eva) လို့ အမည်ပေးထားပြီး သူရဲ့ Instagram မှာ သူရဲ့ချစ်သူ ဧ၀ရဲ့ပုံကို ရှု့ထောင်အမျိုးမျိုးကနေ ရိုက်ကူးဖြန့်ဖြူးခဲ့လို့ အခုအချိန်မှာ သူဟာ Follower များစွာ ရထားသူ ဖြစ်ပါတယ်။

June ဟာ သူရဲ့ လက်တွဲဖော်နဲ့အတူ အတူတူစား၊ အတူတူအိပ်၊ စကားတွေ တစ်လှေကြီးပြောတဲ့အခါမှာလည်း ဧ၀က နားထောင်ကောင်းသူတစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ June ဟာ ယခင်ကလည်း ဒီလို အရုပ်တွေကို ရိုက်ကူးပြီး Instagram မှာ တင်ခဲ့ပေမယ့် အဲဒီတုန်းကထိ လူသိနည်းနေပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူရဲ့ အတူနေလက်တွဲဖော် ဧ၀ရဲ့ ပုံတွေကို Still Lives: Eva ဆိုတဲ့ ခေါင်းစဉ်နဲ့ Documentary တစ်ခု ဖန်တီးကာ တင်ဆက်ခဲ့ခြင်းကြောင့် ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပါတယ်။

သူက Fotografia magazine နဲ့ တွေ့ဆုံရာမှာ ” ဧ၀လို လိင်မှုအာသာဖြေတဲ့ အရုပ်တွေဟာ … နည်းပညာမြင့်မားမှုနဲ့ ကြိုတင်တွက်ဆမထားနိုင်တဲ့ ၀န်ဆောင်မှုတွေကြောင့် တဖြည်းဖြည်း လူ့မှုပတ်ဝန်းကျင်မှာ ၀င်ဆန့်လာပါပြီ … ကျွန်တော်ဖန်တီးထားတဲ့ ဓာတ်ပုံတွေဟာ ကျွန်တော့်ဘ၀မှာ တကယ့်သက်ရှိဇနီးမယားတစ်ယောက်လို စိတ်ကူးခံစားပြီး တင်ဆက်ထားတာ ဖြစ်ပါတယ် … တ ကယ်လည်း ကျွန်တော်ဟာ ဧ၀နဲ့ အတူ စားတယ်၊ အိပ်တယ် … ဈေးဝယ်ထွက်တယ် … ကားလျှောက်မောင်းတယ် … တစ်ခြားလူတွေလိုပဲ ကျွန်တော်တို့ နေထိုင်ပါတယ် … အတူတူငိုတယ် ရယ်တယ် … အတူတူဝမ်းနည်းကြတယ် … ဒါဟာ ဘာနဲ့မှမလဲနိုင်တဲ့ သာယာမှုပါဘဲ ” လို့ ဖွင့်ဟခဲ့ပါတယ်။

Credit: Shwemom



Follow us on