1. Home
  2. Movie Stars - Celebrity

ကွာရှင်းကြောင်း ကြေညာပြီးနောက် အသစ်ရနေတဲ့ nicolas cage

Movie Stars - Celebrity มิ.ย. 30, 2559 view 1,536

၁၂ နှစ်ကြာ လက်တွဲခဲ့တဲ့ ဇနီး Alice နဲ့ ကွာရှင်းပြီးကြောင်း ကြေညာပြီးတဲ့နောက်မှာ nicolas cage ဟာ ကိုယ့်ဘဝကိုယ် ရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်သွားပုံပါပဲ။ ကွာရှင်းကြောင်း ကြေညာတဲ့ နေ့မှာပဲ အသက် ၅၂ နှစ်အရွယ် nicolas cage ကို အမျိုးသမီးတစ်ဦးနဲ့ ညဘက် အတူ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

မင်းသား nicolas cage ကို လော့ဆန်းဂျလိစ်က Asanebo ဂျပန်စားသောက်ဆိုင်မှာ ကီမိုနိုဝတ် အမျိုးသမီးတစ်ဦးနဲ့အတူ ဆူရှီစားနေပြီး အနမ်းခြွေနေခဲ့တာကို မြင်တွေ့လိုက်ရတာပါ။

ဇွန်လ ၂၅ ရက်မှာလည်း လော့ဆန်းဂျလိစ်က Carrot Top ရှိုးမှာလည်း အဲဒီအမျိုးသမီးနဲ့ပဲ တွေ့လိုက်ရပါတယ်။ ဒီတစ်ခါလည်း သူမက ကီမိုနိုကိုပဲ ဝတ်ဆင်ထားပါတယ်။

Credit:Duwun 



Follow us on