1. Home
  2. Myanmar News

အင်တာနက်ပေါ် လူ အပြောများတဲ့ စားသောက်ဆိုင် အကြောင်း

Myanmar News มิ.ย. 30, 2559 view 1,779

နေပြည်တော်မှာ ရှိတဲ့ စားသောက်ဆိုင် တစ်ခုမှာ ထမင်းစားပြီး ငွေရှင်းတော့ ရလာတဲ့ ငွေပြေစာ ဘောက်ချာ တစ်စောင် ဖေ့စ်ဘွတ်ခ် ပေါ် ရောက်လာ တဲ့ အခါ ဖေ့စ်ဘွတ်ခ် သုံးကြတဲ့ မြန်မာတွေ ကြားထဲ အတော် လေး လှုပ်လှုပ်ရှားရှားနဲ့ အသံ ဆူ သွား စေပါတယ်။ အကြောင်းကတော့ ငွေတောင်းတဲ့ အထဲ ပန်းကန် ဆိုတဲ့ ခေါင်းစဉ် အောက် ငွေ ၃ ထောင် ထည့် တောင်း ထားလို့ပါ။ အဲဒီ့ ဘောက်ချာ စာရွက်ကို ဖေ့စ်ဘွတ်ခ် ပေါ် တင်သူရဲ့ အဆိုအရတော့… သူက ဆိုင်ကို မေးပါတယ်တဲ့… ပန်းကန် ဆိုပြီး ဘာလို့ ငွေထည့် ပေါင်း ထားတာလဲပေါ့။

ဆိုင်က ပန်းကန် အသုံးပြုခလို့ ပြန်ဖြေ ပါသတဲ့။ နောက်ဆို ဘာစားမလဲ အစ်ကို လို့ မေးခများ တောင်းမလား မသိဘူး၊ ထမင်းဆိုင်မှာ စားဖို့ ကိုယ်အိမ် က ပန်းကန် ကိုယ်ယူ သွားရမယ့် ပုံ ပေါက် နေပြီလို့ အငေါ်တူး နေတဲ့ သူတွေ ရှိနေသလို….. ပိုးသတ်ပြီး ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ ဇွန်းခွက်၊ ပန်းကန် အစုံလိုက် ဆိုင်ကြီးတွေမှာ နောက်ပိုင်း လာချ လေ့ရှိတယ်… အဲဒီ့ အတွက် ပိုက်ဆံ တောင်းတဲ့ ဆိုင် ရှိသလို၊ မတောင်းတဲ့ ဆိုင်လည်း ရှိတယ်လို့ ဝင်ရောက် ဖြေရှင်း နေသူတွေရဲ့ မှတ်ချက် စကားတွေနဲ့ စည်စည်ကားကား ရှိနေ ကြပါတယ်။

အသံဖိုင်ကိုလည်း အောက်ကလင့်မှာ နားထောင် နိုင်ပါတယ်။

https://soundcloud.com/bbcburmese/hlw803115ggn

Credit : BBC Burmese



Follow us on