1. Home
  2. Special or Others

ရိုင်းစိုင်းသည့်ခရီးသည်များကိုကိုင်တွယ်ရန် တရုတ်တွင် လေယာဉ်မယ်များ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

Special or Others มิ.ย. 30, 2559 view 1,649

တရုတ်နိုင်ငံ၊စီချွမ်ပြည်နယ်၊ ချန်ဒူ မြို့တွင် ချန်ဒူEast Star လေကြောင်းလိုင်း ကောလိပ်မှ လေယာဉ်မယ်လေးများမှာ စစ် ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြရသည်ဟု သိရသည်။ လေယာဉ်မယ်များကို အမြဲတစေ ကြော့ရှင်းလှပ၍ယဉ်ယဉ်လေးသာ မြင်တွေ့ရလေ့ရှိသော်လည်း ယခုအခါ လေယာဉ်မယ်များပြုလုပ်နေရသည့် စစ်ရေး လေ့ကျင့်မှုများထဲတွင် နပမ်းသင်တန်း လည်းအပါဝင်ဖြစ်သည်။

လေယာဉ်ပေါ် တွင် လေယာဉ်မယ်များ၏အလုပ်သည် အင်္ကျီအ၀တ်အစား လှပစွာဝတ်ဆင်၍ ခရီး သည်များကို ယဉ်ကျေးသိမ်မွေ့စွာဧည့်ခံ ရန်ဖြစ်သော်လည်း လေကြောင်းလိုင်းက ရိုင်းပျသည့်ခရီးသည်များ၏ရန်မှ ကာ ကွယ်ရန်အပြင် လေလေယာဉ်မယ်များ ကိုယ်တိုင်ဝင်ရောက်ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ လေယာဉ် မယ်လေးများ၏ ပြင်းထန်သောစစ်ရေး လေ့ကျင့်မှုတွင် သစ်တုံးများဆွဲခြင်းကဲ့သို့ သောလေ့ကျင့်ခန်းများလည်း အပါအ၀င် ဖြစ်ပြီး ချန်ဒူEast Star လေကြောင်းလိုင်း ကောလိပ်တွင် တက်ရောက်သူတိုင်းမှာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရမည်ဖြစ် သည်။ ကောလိပ်မှ ထုတ်ပြန်ခဲ့သည့်ဓာတ် ပုံများထဲတွင် ချောမောလှပသည့်အမျိုးသမီး ငယ် ၂၀ ခန့် မှာ စစ်သမီးများနှင့်ပင်တူညီ နေသည်။

လေ့ကျင့်မှုတွင် ကြွက်သားများ ဖြင့် ကြံ့ခိုင်တောင့်တင်းစေမည့်လေ့ကျင့်ခန်းများကိုလည်း ထည့်သွင်းသွားရန်အစီ အစဉ်ရှိနေသေးသည်ဟု ကောလိပ်ကဆို ခဲ့သည်။ လေယာဉ်မယ်လေးများမှာ စစ်ယူ နီဖောင်းများနှင့် အနည်းငယ်စိမ်းနေသော် လည်း စမတ်ကျကျဝတ်ဆင်ထားပုံကို ကြည့်လျှင် ကောင်းကင်သို့ပျံတက်ရန် အသင့်ဖြစ်နေသည့်သိမ်းငှက်များအသွင် မြင်တွေ့ရသည်။

Credit : Pyi Myanmar



Follow us on