1. Home
  2. Movie Stars - Celebrity

မိုးဟေကိုရဲ့ "ကျွန်မချစ်သော"

Movie Stars - Celebrity ก.ค. 01, 2559 view 2,031

ပရိသတ်တွေစောင့်မျှော်နေတဲ့ မိုးဟေကိုရဲ့ " ကျွန်မချစ်သော" စာအုပ်ကို ဇူလိုင်လ အတွင်းမှာ ထွက်ရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့သော သုံးနှစ်လောက်ကတည်းက အချိန်ယူ ပြင်ဆင်နေတဲ့ သူမရဲ့ " ကျွန်မချစ်သော " စာအုပ်ကို ပရိသတ်များကလည်း စောင့်မျှော်လို့ နေတာ ဖြစ်သလို သူမကလည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နေတဲ့ အတွက် စာအုပ်ထွက်ချိန်က ကြာသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူမအတွက် ဒီစာအုပ်ထုတ်တာ အကျိုးအမြတ်ရဖို့ ဆိုတာထက် မှတ်တိုင်တစ်ခုအနေနဲ့ ထုတ်ချင်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဇူလိုင်လအတွင်းမှာဘဲ သူမရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးတဲ့ "ခိုးဆိုးလုနှိုက်" ရုပ်ရှင်ဇာတ်ကားကြီး ကလည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Credit: Duwun 

 



Follow us on