1. Home
  2. Movie Stars - Celebrity

တက်သစ်စအဆိုတော် Jai Waetford နှင့် အတူ သီဆို ဖျော်ဖြေ မယ့် Selena Gomez ရဲ့ ဘန်ကောက် Live Show

Movie Stars - Celebrity ก.ค. 01, 2559 view 2,203

Selena Gomez အနေနဲ့ သူမရဲ့ ဘန်ကောက် ခရီးစဉ် ဖျော်ဖြေတင်ဆက်ပွဲမှာ အထူးဧည့်သည် အဆိုရှင် သြစတေးလျ တက်သစ်စ ကြယ်ပွင့် Jai Waetford နှင့် အတူ ဖျော်ဖြေတင်ဆက်ဖို့အတွက် ဝမ်းသာမိကြောင်းကို ပြောကြားခဲ့ပါသည် ။

Jai အနေနဲ့ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ပြုလုပ်မယ့် Selena ရဲ့ Revival Tour ဖွင့်ပွဲအခမ်းအနားမှာ စတင်ဖျော်ဖြေ တင်ဆက်ပေးမည် ဖြစ်ပါသည် ။ အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ Jai ဟာ သြစတေးလျ နိုင်ငံရဲ့ နာမည်ကြီး 2013 Talent Show မှ နာမည်ကြီး အောင်မြင်လာသူ တစ်ဦးဖြစ်ပါသည် ။

ထို့အပြင် နာမည်ကြီးအဆိုတော်များရဲ့ သီချင်းများကို Cover ပြန်လည်ပြုလုပ်က သီဆိုထားသော သူ့ရဲ့ Youtube Video များဖြင့်လည်း နာမည် ကြီးကျော်ကြားလျက်ရှိပြီး လက်ရှိ Jai ရဲ့ Youtube Channel ဟာ Like လုပ်ထားသူပေါင်း ၆၂ သန်းကျော်ရရှိနေပြီဖြစ်ပါသည် ။ Jai ဟာ သူရဲ့ သီဆိုဖျော်ဖြေမှုအပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာပါနာမည်ကြီးထင်ရှားသူဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲ Neighbours မှာ Kylie Minouge, Delta Goodrem နှင့် Natalie Imbruglia တို့နှင့် အတူ ပါဝင်သရုပ်ဆောင်ထားပါသည် ။

Jai ဟာ သူရဲ့ EP Albume အသစ်ဖြစ်တဲ့ Heart Miles ကို မိတ်ဆက်ဖို့အတွက်နဲ့ ရက်မကြာသေးမှီက ထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပြီး ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုမည့် ပရိတ်သတ်များရဲ့ ကြိုဆိုအားပေးမှုကို ရရှိထားပါသည် ။ " ထိုင်းနိုင်ငံမှာ ရှိကြတဲ့ ကျွန်တော့် ပရိတ်သတ်တွေ ရှေ့မှာ ဖျော်ဖြေတင်ဆက်ဖို့အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်" လို့ ဆယ်ကျော်သက်ကြယ်ပွင့် Jai မှ ပြောကြားခဲ့ပါသည် ။ " ကျွန်တော့် အတွက် တကယ့်ကို ကြီးမားတဲ့ အခွင့်ရေးတစ်ခုဖြစ်ပြီး Selena ရဲ့ ပွဲမှာ သီဆိုဖို့အတွက် မစောင့်နိုင်တော့ပါဘူး " လို့ ထပ်မံဖြည့်ဆွက်ခဲ့ပါသည် ။

 

သြစတေးလျ နိုင်ငံရဲ့ တက်သစ်စ ကြယ်ပွင့် Jai Waetford ရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေကို လက်မလွှတ်စေဖို့ ထိုင်းနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်မယ့် Selena Gomez ပွဲကို တက်ရောက်နိုင်ပါသည် ။ Selena Gomez ရဲ့ Revival Tour ကို လာမည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ မောင်းတောင်တန်နီ မြို့ Impact နယ်မြေ မှာ ကျင်းပမည် ဖြစ်ပါသည်။ လက်မှတ်များကိုတော့ ထိုင်းနိုင်ငံရှိ လက်မှတ်အရောင်းဆိုင်ကြီးများ သို့မဟုတ် www.thaiticketmajor.com တွင် ထိုင်းဘတ် ၂,၀၀၀ , ၃,၀၀၀ , ၄,၀၀၀ နှင့် ၅,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည် ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း  0-2262-3838 သို့ဆက်သွယ်၍ လည်းကောင်း  www.bectero.com သို့ဝင်ရောက်၍ လည်းကောင်း သို့မဟုတ်  www.facebook.com/bectero, @BEC_Tero_Ent on twitter and BECTERO_ENTERTAINMENT on Instagram စသည့် လူမှုကွန်ယက်များတွင်လည်း ဝင်ရောက်စုံစမ်းမေးမြန်းနိုင်ပါသည် ။

ယခု ဖျော်ဖြေတင်ဆက်မှု သည်လည်း BEC-Tero Entertainment ရဲ့ အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုများထဲမှ တစ်ခုဖြစ်ပါသည် ။

*********************

For more information,  please contact

 

Public Relations Department,  BEC-Tero Entertainment

 

Payungjit Kosopa  (Aey)                 PR Manager                     089-511-2498     [email protected]

Thanaporn Kimyong (Stamp)       PR Concerts & Events   093-328-4429     [email protected]

Tel. 02 262 3800 ext. 2817 Fax. 02 262 3921



Follow us on