1. Home
  2. Special or Others

အိမ်နီးချင်းကျောင်းဆရာမကို အဓမ္မပြုကျင့် သတ်ဖြတ်သူအား ဖမ်းဆီး

Special or Others ก.ค. 04, 2559 view 1,613

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက အိမ်နီးချင်း ကျောင်းဆရာမတဦးကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတွေက နောက်တနေ့မှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအမှုဟာ ချူလာရက် တူဝနာ အမည်ရတဲ့ ကျောင်းဆရာမနေထိုင်တဲ့ ဆာရာဘူရီခရိုင်၊ ခမ်ခွိုင်ဒေသက တိုက်ခန်းတခုထဲမှာ ဖြစ်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူ အမျိုးသားဟာလည်း သူနဲ့ တတိုက်တည်းမှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ် ချာထရီ ရွမ်ဆွန်နန် အမည်ရတဲ့ အမျိုးသားက ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ရဲတွေကို ၀န်ခံထွက်ဆိုပါတယ်။

ကျောင်းဆရာမဟာ ကြည့်ကောင်းတာမို့ ကာလအတော်ကြာတည်းက သူ သဘောကျနေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ညကတော့ သူဟာ ကျောင်းဆရာမရဲ့ အခန်းထဲကို ပြတင်းတံခါးကြား ဟနေတဲ့နေရာမှတဆင့် တံခါးသော့ကို ဖွင့်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ ၀န်ခံလိုက်ပြီး အမျိုးသမီးက ငြင်းဆန်အော်ဟစ်ကာ အကူအညီတောင်းဖို့ ကြိုးစားခဲ့ချိန်မှာ ဓားကိုထုတ်သုံးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီနောက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး အမျိုးသမီးရဲ့လည်ပင်းကို ဓားနဲ့ လှီးဖြတ်မိခဲ့ကာ သေဆုံးသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲတွေက အမှုဖြစ်စဉ်ကို ပြန်လည်သရုပ်ပြဖို့ တရားခံဖြစ်သူကို ဇူလိုင် ၃ ရက်နေ့က ခေါ်ခဲ့ချိန်မှာ လာရောက်ကြည့်ရှုသူ တော်တော်များများ လာရောက်ခဲ့ကြတဲ့အတွက် တိုက်ခိုက်မှုတွေဖြစ်မှာကို စိုးရိမ်ခဲ့ကြတာပါ။ အဆိုပါအမျိုးသားဟာ အရင်ကလည်း မုဒိမ်းမှုနဲ့ ထောင် ၂ နှစ်ကျခဲ့ဖူးပြီး မနှစ်ကမှ ပြန်လွတ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Credit : http://burmese.dvb.no/



Follow us on