1. Home
  2. Movie Stars - Celebrity

ချစ်သူရှိနေပြီလို့ ပြောလာတဲ့ ဂုဏ်ရည်အေးကျော်

Movie Stars - Celebrity ก.ค. 05, 2559 view 1,631

အသက် ၂၇ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့အတွက် International ပြိုင်ပွဲတွေ မပြိုင်ဖြစ်တော့ ကြောင်း ပြောလာတဲ့ ဂုဏ်ရည် အေးကျော်က သူ့မှာ ချစ်သူရှိနေ ပြီဖြစ်ကြောင်းလည်း ဖွင့်ဟ လာပါတယ်။

ချစ်သူသက်တမ်း ၁နှစ် မပြည့်သေးကြောင်းပြော တဲ့ ဂုဏ်ရည်အေးကျော်က ချစ် သူနဲ့ ပတ်သက်ပြီး… “ချစ်သူရှိနေပါပြီ။ သူ့ကို ဂုဏ်ရည်အထင်ကြီးမှု ရော လေးစားမှုရော၊ ကိုယ်ကျင့်စရိုက်၊ ချစ်တာ ရော အကုန်လုံးကို သဘောကျ တယ်။ လေးလည်း လေး စားတယ်။ တစ်ယောက်နဲ့တစ် ယောက်ဆက် ဆံရေးမှာ တစ်ယောက်နဲ့တစ် ယောက်ပြောတဲ့ စကားက အထင် ကြီးလေးစားမှု လိုအပ်တယ်။ ယုံ လည်းယုံကြည်တယ်။ ဂုဏ်ရည်တို့ ရည်းစားသက်တမ်းက ၁နှစ်မပြည့် သေးပါဘူး။ ချစ်သူက အပြင်က ပါ” လို့ ပြောပါတယ်။

ဇာတ်ကားမရိုက်ဘူးဆိုတဲ့ ဂုဏ်ရည်အေး ကျော်က အောင်မြင် တဲ့ Presenter တစ်ယောက်ဖြစ် အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောပါတယ်။ “ဂုဏ်ရည်ဇာတ်ကား တွေ မရိုက်ပါဘူး။ ဂုဏ်ရည်ဖြစ် ချင် တာက Presenter တစ်ယောက် ဖြစ်ချင်တာ။ ဒီလမ်းကြောင်း မှာ ဝါသနာ ပါတဲ့အတွက် ဒီလမ်းကြောင်းမှာပဲ မြှုပ်နှံမှာပါ။ ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းမှာ အောင်မြင်မှုတစ် ခုကို ရောက်တော့မ ယ်လို့ မြင်ပါ တယ်။ ဂုဏ်ရည်ရဲ့ Item က အခမ်း အနားမှူးဆိုတာနဲ့ Teacher တင်မိုး လွင်ကိုပြေးမြင်သလိုမျိုး နောင်တစ် ခေတ်မှာ ဂုဏ်ရည်အေးကျော်ဆိုပြီး ဖြစ်လာဖို့အတွက် တည်ဆောက် သွားမယ်” လို့ ပြောပါတယ်။

Credit:popular journal 



Follow us on