
အမေရိကန် Oklahoma ပြည်နယ် လောတန်မြို့က ဆရာမ တစ်ယောက် ဖြစ်တဲ့ ShaRee Castlebury ကတော့ အ၀တ်ပေါ်မှာ ကလေးတွေကို ရေးချင်ရာရေးခြစ်စေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီနေ့က သူငယ်တန်းကလေးတွေရဲ့ နောက်ဆုံးကျောင်းတက်ရတဲ့ နေ့ဖြစ်ပါတယ်။

အဲဒီနေ့မှာ သူမဟာ အဖြူစွတ်စွတ် ၀တ်စုံကို ၀တ်ပြီး ကျောင်းကိုလာခဲ့ပါတယ်။ ကလေးတွေကို အမှတ်တရအနေနဲ့ သူမရဲ့ အင်္ကျီမှာ ရေးချင်ရာ အရုပ် ၊ စာ တွေ ရေးခြစ်ဖို့ အထူးအစီအစဉ်အနေနဲ့ ခွင့်ပြုခဲ့ပါတယ်။ ပီကာဆိုလေးများ(သူမအခေါ်) က သူမရဲ့ဝတ်စုံပေါ်မှာ အားတက်သရော ရေးခြစ်ကြပါတယ်။
သူမ ကတော့ သူမရဲ့ အင်္ကျီဟာ အရုပ် စာတွေ ဗလပွ နဲ့ ရှုပ်ရှက်ခတ်သွားမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ အလွန်လှပသွားတဲ့ ဒီဇိုင်း ကို ရရှိခဲ့ပါတယ်။
သူတို့တွေ တဖြည်းဖြည်းအရွယ်ရောက်သွားတဲ့အခါ ကျွန်မနဲ့ ခွဲခွာသွားတဲ့အခါ သူတို့ကို အမြဲအမှတ်ရမိနေစေမယ့် အကောင်းဆုံးလက်ဆောင် ဖြစ်ခဲ့ပါတယ် လို့ သူမ က ဆိုပါတယ်။

credit:china.com
comment