1. Home
  2. Special or Others

ရုရှားနိုင်ငံက သမိုင်းဝင်သေမင်းတမန် ရထားလမ်း

Special or Others ก.ค. 05, 2559 view 1,807

မြန်မာနိုင်ငံ၊ သံဖြူဇရပ်မှာ ရှိတဲ့ သေမင်တမန်းရထားလမ်းဟာလည်း နာမည်ဆိုးနဲ့ကြော်ကြားသလို ပဲ ရုရှားနိုင်ငံမှာ ရှိတဲ့ Salekhard–Igarka ဆေးလ်ခါ့ဒ် – အီဂရာကာ ရထားလမ်းဟာ လည်း နာမည်ဆိုးနဲ့ လမ်းမကြီး တစ်ခု ဖြစ်ပါတယ်။ အာတိတ်ရေခဲပြင် စက်ဝန်းအနီး ၊ ယာမဲလ် နီနတ်စ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ဆေးလ်ခါ့ဒ် Salekhard မြို့အနီးက ရထားလမ်း ကို လူတွေ သိပ်မသိကြပါဘူး။ ဒီရထားလမ်းရဲ့ နာမည်ဟာ လည်း သေမင်းတမန်ရထားလမ်း၊ သေမင်းရထားလမ်း ဖြစ်ပါတယ်။ ၁၃၀၀ ကီလိုမီတာ အရှည်ဖောက်လုပ်မဲ့ ရထားလမ်းကြီးဟာ ဆိုက်ဘေးရီးယား အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ဆက်သွယ်ပေးမဲ့ စတာလင်ရဲ့ လမ်းမကြီး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

ဒီရထားလမ်းဟာ မပြီး စီးခဲ့ပါဘူး။ ထောင်ပေါင်းများစွာသော အလုပ်သမားတွေဟာ ဆိုက်ဘေးရီးယားရဲ့ ကြမ်းတမ်းပြင်းထန်တဲ့ ရာသီဥတု အောက်မှာ အလုပ်လုပ်ခဲ့ကြရပါတယ်။ ဒီ အလုပ်သမားတွေဟာ အစိုးရကို ဆန့်ကျင်တဲ့ အတွက် အဖမ်းခံရတဲ့ ရုရှားနိုင်ငံသားတွေ ဖြစ်ပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့ သူတွေဟာ အလုပ်ကို နောက်ကျမှ လာမိတာ၊ အစိုးရကို ဆန့်ကျင်တဲ့ ကဗျာတွေ၊ စာတွေ ရေးမိတာ၊ မုန်လာဥတွေ၊ အသီးအနှံတွေ ခိုးယူမိတာ၊ ဂျာမန်စစ်အကျဉ်း သား အဖြစ်ထောင်ကျခဲ့ဖူးတာ စသဖြင့် ထူးခြားတဲ့ အမှုတွေ စုံလင်ပါတယ်။ ဒီလူတွေကို နိုင်ငံတော်ရဲ့ ရန်သူအဖြစ်သတ်မှတ်ပြီး အစိုးရက ဖမ်းဆီးနှိပ်စက်ခွင့် ရှိပါတယ်။

Salekhard–Igarka ရထားလမ်းကို ၁၉၄၇ ခုနှစ်မှာ စတင်ဖောက်လုပ်ခဲ့ပါတယ်။ ခန့်မှန်းခြေ အကျဉ်းသားပေါင်း ၈၀၀၀၀ ကနေ ၁၂၀၀၀၀ အထိ ဒီရထားလမ်း ဖောက်လုပ်မှုမှာ ပါဝင်ခဲ့ပါတယ်။ အကျဉ်းသားတွေဟာ ပြင်းထန်တဲ့ ဆိုက်ဘေးရီးယား ဆောင်းရာသီ -60°C နဲ့ နှင်းမုန်တိုင်းတွေ ကြားမှာ အလုပ်လုပ်ခဲ့ရပါတယ်။ နွေရာသီကျပြန်ရင်လည်း ကပ်ရောဂါတွေကျရောက်လေ့ရှိတဲ့ အတွက် အကျဉ်း သား အနည်းငယ်မျှသာ အသက်ရှင်ကျန်ခဲ့တယ် လို့ဆိုပါတယ်။ ၁၉၅၃ ခုနှစ် စတာလင် ကွယ်လွန်သွားတဲ့ အချိန်မှာတော့ ဒီရထားလမ်း ဖောက်လုပ်မှုကို တစ်ပိုင်းတစ်နဲ့ ရပ်ဆိုင်းခဲ့ပါတယ်။ စုစုပေါင်း ၆၀၀ ကီလိုမီတာ သာပြီးစီးခဲ့ပါတယ်။

Credit : mayoneyinponepyinmat



Follow us on