1. Home
  2. Special or Others

ဘတ်စ်ကားမောင်းရင်း ခရီးသည်များကို ဖျော်ဖြေခဲ့သည့် ယာဉ်မောင်းရုပ်သံ ရေပန်းစား

Special or Others ก.ค. 05, 2559 view 1,624

သင့်အနေနဲ့ အလုပ်ကိုသွားချိန်မှာ သီချင်းနားထောင်ကောင်း နားထောင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုသီချင်းနားထောင်ရမှာက ဘတ်စ်ကားတစီးပေါ်မှာ ဖြစ်ခဲ့တယ်ဆိုရင်တော့ ဒါဟာ သင့်ရဲ့ ကံကောင်းမှုပါပဲ။ ဗြိတိန်နိုင်ငံမှ ဘတ်စ်ကားမောင်းသူတဦးကတော့ ကားမောင်းနေချိန်အတွင်းမှာ ကားပေါ်ပါ ခရီးသည်တွေကို နာမည်ကျော် ဘောလိဝုဒ်သီချင်းတပုဒ်ဖြစ်တဲ့ “Kaliyon ka Chaman” နဲ့ ဖျော်ဖြေခဲ့တာပါ။ ဒါဟာ လန်ဒန်မြို့လယ် လမ်းမတနေရာမှာဖြစ်ပြီး ယာဉ်မောင်းသူဟာ သီချင်း စတင်ဖျော်ဖြေချိန်မှာ ဘေးက ဖြတ်သွားနေတဲ့ တခြားကားတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ သီချင်းကို မရပ်တန့်ဘဲ ဆက်သီဆိုနေချိန်မှာ ကားပေါ်ပါ အဆိုတော်အမျိုးသမီး ထရုသ်ဟာ့တ်စ်ကပါ ပါဝင်သီဆိုခဲ့တာဖြစ်တယ်လို့ သည်အင်ဒီးယန်းအိပ်စ်ပရက်စ် သတင်းမှာ ဖော်ပြပါတယ်။

ထရုသ်ဟာ့တ်စ်ဟာ အကာရှေရီဝက်တ်ဆန်လို့ လူသိများတဲ့ အမေရိကန် R&B အဆိုတော်တဦးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကာလတွေက နိုက်ကလပ်တွေမှာ ရေပန်းစား သီချင်းတပုဒ်ဖြစ်တဲ့ Addictive ကို သီဆိုသူတဦး ဖြစ်ပါတယ်။ သူတို့သီဆိုနေချိန်မှာပဲ ဘတ်စ်ကားပေါ်က ခရီးသည်တွေဟာ တူရိယာတွေကို တီးခတ်ခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် ပါဝင်လာကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဘလော့ဂ်ဂါ ရူပန်ဘောလ်ဆိုသူက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ၀င်ရောက်ကြည့်ရှုသူ ၃ သိန်းနီးပါး ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Credit ; http://burmese.dvb.no/

ဗီဒီယိုကြည့်ရန်လင့်

https://www.youtube.com/watch?v=k2iqh-vdAnw



Follow us on