မွေးနေ့မှာ အောင်ဇဗ္ဗူ တောရကျောင်းတိုက်မှ ငါးထပ်ကျောင်း ဆောင်ကြီးအတွက် ငွေကျပ်သိန်း ၁ဝဝ လှူဒါန်းဖြစ်ခဲ့ပြီး မွေးနေ့ရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တအားကြိုက်တဲ့ ဇာတ်ကားလေးဖြစ်တဲ့ ‘ခိုးဆိုးလုနှိုက်’ဇာတ်ကားရဲ့ ပရက်ရှိုးနဲ့လည်း တစ်ရက် တည်းကျတဲ့အတွက်လည်း ပိုပြီး အမှတ်တရ ဖြစ်ခဲ့ပါတယ် ။
မနက် ၅ နာရီက တည်းက ပရိသတ်တွေအနေနဲ့ အိမ်မှာမွေးနေ့ လက်ေ ဆာင်တွေ လာပို့ပေးခဲ့ကြ ပါတယ်။ “ဒီနှစ်မွေးနေ့လက်ဆောင်က ထူးထူးခြားခြား ကိုရတာ။ မနက် ၅ နာရီေ လာက်က မိုးတွေလည်း တအားရွာနေတဲ့အချိန်မှာ မိုးရဲ့အိမ် ကို ပရိသတ်တွေက မွေးနေ့လက် ဆောင် လာပို့ပေးခဲ့တယ်။ အဲဒါက တော့ အမှတ်တရပါပဲ။ မနက်က ပရက်ရှိုးလည်းရှိတော့ ဒီပွဲ လာမယ့် လမ်းမှာ စာတန်းလေးရေးပေးထားတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မိုးရဲ့ မွေးနေ့မှာ မိုးတအားကြိုက်တဲ့ ဇာတ်ကားလေး ‘ခိုးဆိုးလုနှိုက်’ ပရက်ရှိုးနဲ့ တစ်ရက် တည်းကျတာကလည်း တကယ်အမှတ်တရပါပဲ။ ဖန်တီး ယူထားတာ လည်းမဟုတ်ဘူး” လို့ ပြောပါတယ်။
နောက်ပိုင်းမှာတော့ ဇာတ်ကား ရိုက်ကူးမှုတွေ အနေနဲ့ လျှော့ပြီး ရိုက် ကူးသွားမှာဖြစ်ပြီး ထုတ်လုပ်ရေး အတွက်ပဲ အလုပ်လုပ်ဖို့ ခေါင်း ထဲ ပိုဝင်နေကြောင်း လဲ ပြောသွားခဲ့ပါတယ်။
Credit:popular journal