1. Home
  2. Special or Others

လိင်အင်္ဂါအမွှေးနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့ရွံစရာအကောင်းဆုံးဝတ်စုံကိုဖန်တီးခဲ့သူ

Special or Others ก.ค. 05, 2559 view 1,779

Sarahဆိုတဲ့အမျိုးသမီးဒီဇိုင်နာတစ်ဦးဟာ လွန်ခဲ့တဲ့ခြောက်လကတည်းက တွစ်တာပေါ်မှာ လိင်အင်္ဂါအမွှေးအမျှင်များ သူ့ဆီပို့ပေးဖို့ တောင်းဆိုပြီးနောက် အခုတော့ ထိုတောင်းဆိုလို့ရထားတဲ့ အမွှေးတွေနဲ့ ဝတ်စုံတစ်ခုချုပ်လုပ်ခဲ့ပါတယ်။ ဒီသတင်းက အွန်လိုင်းမှာလည်း ပြန့်နှံ့လျှက်ရှိပါတယ်။

အရင်ကလည်း Skittles သကြားလုံးလေးများနဲ့ ဝတ်စုံချုပ်ခဲ့ဖူးပြီး ထိုဝတ်စုံကြောင့် နာမည်ရခဲ့တာလည်းဖြစ်ပါတယ်။ အခုတော့ သကြားလုံးကနေ လိင်အင်္ဂါအမွှေးအမျှင်နဲ့ ဝတ်စုံချုပ်တဲ့ဆီကိုရောက်သွားခဲ့ပါတယ်။

ကလေး၂ယောက်အမေ ဖြစ်တဲ့ Sarah Louise Bryanဟာ ၆လလုံးလုံးသူ့ဆီကိုပို့ခဲ့တဲ့ လိင်အင်္ဂါအမွှေးအမျှင်တွေကို စုစည်းပြီး ဒီဝတ်စုံကိုချုပ် ခဲ့တာလည်းဖြစ်ပါတယ်။ သူမက Lady Gagaရဲ့ အမဲသားဝတ်စုံအကျီထက်ပိုရွံစရာကောင်းတဲ့ ဖက်ရှင်ကိုလုပ်ချင်ကြောင်းလည်း ဆိုခဲ့ပါတယ်။

“ကျွန်မက လေဒီဂါဂါရဲ့ အမဲသားဝတ်စုံထက် ပိုရွံဖို့ကောင်းတဲ့ ကမ္ဘာ့ရွံစရာအကောင်းဆုံးဝတ်စုံကိုတီထွင်ချင်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ကျွန်မရဲ့ တွစ်တာပရိတ်သတ်တွေဆီက လိင်အင်္ဂါအမွှေးတွေ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။ Sarahဟာ လက်အိတ်၊ မျက်နှာဖုံး၊စတာတွေသုံးခဲ့ပါတယ်။ နောက်ထပ်ရွံစရာကောင်းတဲ့ ဝတ်စုံတွေလည်း ဆက်လက် လုပ်သွားမယ်လို့သိရပါတယ်။

“ကျွန်မက သူများနဲ့မတူတာတွေ၊ သူများမစဉ်းစားတာတွေလုပ်ရတာကြိုက်ပါတယ်။ ထူခြား တာတစ်ခုခုကို ပထမဆုံးတီထွင်သူလည်းဖြစ်ချင်ပါတယ်။ ကျွန်မကိုဝေဖန်တဲ့သူတွေရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက ကျွန်မကိုပိုလုပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်”လို့ဆိုပါတယ်။

Sarahရဲ့ဒီဇိုင်းတွေကိုတော့ သူမရဲ့ Facebook Pageဖြစ်တဲ့ www.Facebookcom/sarahlouisebryan မှာကြည့်နိုင်ပါတယ်။

Credit:Shwemom 

 



Follow us on