1. Home
  2. Special or Others

ဆယ်ဖီကြိုက်တဲ့ Sloth

Special or Others ก.ค. 05, 2559 view 1,671

Sloth ဆိုတဲ့ သတ္တဝါလေးတွေကို ယခုနောက်ပိုင်းမှာ Zootopia ကာတွန်းနဲ့ လူတွေပိုမိုသတိထားမိလာကြပြီး ချစ်စရာကောင်းတဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ နှေးကွေးလွန်းတဲ့ sloth တွေဟာ မျောက်မျိုးနွယ်ဝင်ဖြစ်ပြီး မျောက်မောင်းမလို့လည်း ခေါ်ကြပါတယ်။ ဆယ်ဖီရိုက်ရတာဝါသနာပါပုံတဲ့ sloth တစ်ကောင်ကတော့ အင်တာနက်ပေါ်မှာ လူကြိုက်များနေပြန်ပါပြီ။

တနင်္ဂနွေနေ့က Imgur ဝက်ဘ်ဆိုက်ပေါ်ကို ရောက်လာတဲ့ ဓာတ်ပုံတစ်မှာ အမျိုးသားတစ်ဦးနဲ့အတူ ဆယ်ဖီဓာတ်ပုံရိုက်ထားတဲ့ပုံရိပ် ဖြစ်ပါတယ်။ ယင်းအမျိုးသားက ဆယ်ဖီရိုက်တံကို အပင်ပေါ်ရောက်နေတဲ့ sloth အနားကို တိုးကပ်ခဲ့စဉ်မှာ Sloth က ခပ်ပြုံးပြုံးလေးနဲ့ ဓာတ်ပုံရိုက်ခံခဲ့တာဖြစ်ပါတယ်။ ဆယ်ဖီကြိုက်တဲ့ sloth ရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်တွေနဲ့ ဝက်ဘ်ဆိုက်တွေမှာ ပြန်လည်မျှဝေသူတွေ များပြားလာခဲ့ပါတယ်။

Credit : http://www.duwun.com.mm/



Follow us on