1. Home
  2. Movie Stars - Celebrity

ကမ္ဘာလှည့်ဖျော်ဖြေပွဲအစ ပွဲကို 45 မိနစ်ကြာမှ ရောက်လာတဲ့ Beyonce

Movie Stars - Celebrity ก.ค. 06, 2559 view 1,585

Beyonce ဟာ “Formation” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ် ကို ဆန်ဒါးလမ်း၏ အားကစားကွင်းတွင် ဇွန်၂၈ ရက်ညက စတင်ခဲ့ပါတယ် ။ ဗြိတိန်ရာသီဥတု စိုစွတ်နေသော်လည်း ဖျော်ဖြေမှုက ပရိတ်သတ်များကိုကျေနပ်စေခဲ့ပေမယ့် သတ်မှတ်ထားသည့် အချိန်ထက် ၄၅ မိနစ် နောက်ကျမှ ဖျော်ဖြေပွဲကို စတင်ခဲ့သည်။

“ဖျော်ဖြေပွဲကို ခင်ဗျားနောက်ကျမှ ရောက်မလာသင့်ဘူး။ ဒါက မင်းရဲ့အလုပ်ပဲ။ အချိန်မှန်ရ မယ်။ အထူးသဖြင့် ဒီလို မိုးတွေရွာပြီး အေးနေတဲ့ အချိန်မျိုးမှာပေါ့” ဟု ပရိတ်သတ်တစ်ဦးက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

”ဘီယွန်စေးဟာ နောက်ကျမှ ရောက်လာခဲ့တယ်။ ဒါပေမဲ့ အချိန်ကိုက် ပြီးဆုံးပါတယ်” လို့လဲ နောက် တစ်ဦးက ရေးသားထားခဲ့ပါတယ်။

Beyonce ဟာ ကာဒစ်ဖ်မြို့၌ ဇွန် ၃၀ ရက် ၀င်ဘလေကွင်း၌ ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ဆက်လက်ဖျော်ဖြေ ခဲ့ပြီး လန်ဒန်မြို့ ဇူလိုင် ၉ ရက်တွင် ဒူဘလင်သို့ မသွားရောက်မီ မန်ချက်စတာနှင့် ဂလက်စ်ဂိုမြို့တို့တွင် ဖျော်ဖြေပွဲကို အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

Credit:Mizzima 



Follow us on