1. Home
  2. Special or Others

ဆော်ဒီရှိ ဘုရားပေးသော ရေတွင်း

Special or Others ก.ค. 06, 2559 view 1,674

Zamzam အမည်ရ ရေတွင်းဟာ အစ္စလာမ်ဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ နေရာ ဖြစ်ပါတယ်။ တည်နေရာ အတိအကျ ကတော့ ဆော်ဒီအာရေဗိယနိုင်ငံ Makkah ပြည်နယ်ရှိ Mecca မြို့ မှာ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ သဲကန္တာရထဲမှာ ရေလှိုင်လှိုင်ထွက်နေတဲ့ ထူးဆန်း တဲ့ ရေတွင်း ဖြစ်ပါတယ်။ ယင်းရေတွင်းကို နှစ်စဉ် အစ္စလာမ်ဘာသာ ဝင်တို့ရဲ့  ဘုရားဖူးရာသီ (Hajj) ရောက်တိုင်း ကမ္ဘာအရပ်ရပ်က သွားရောက် လည်ပတ်ကြပါတယ်။ သွားရောက်ပြီး ယင်းရေတွင်းမှ ရေကို ခပ်ယူသောက်သုံးကြပါတယ်။ အစ္စလာမ်ဘာသာဝင်တို့ ယုံကြည်ချက်ထဲမှာလည်း ယင်းရေကို သောက် သုံးခြင်းဟာ ရောဂါတွေ ပျောက်ကင်းတယ်လို့ ဆိုပါတယ်။ ယင်းရေ ကို သောက်လို့ တကယ်ရောဂါ အနာဘယ ပျောက်ကင်း သူများလည်း တကယ် ရှိခဲ့ပါတယ်။ ရည်ရွယ်ချက် နှစ်မျိုးနဲ့ ရေကို ယူပါ တယ်။ သောက် သုံးရန် နဲ့ ဆေးကြောသန့်စင်ရန် ဖြစ်ပါ တယ်။ ဆေးကြော သန့်စင်တာ ကတော့ အပြစ်တွေကို ပြန် လည် ဆေးကြော သန့်စင်တာ ဖြစ် ပါတယ်။

ရေတွင်း စဖြစ်ပုံ သမိုင်း

ဘုရားသခင်ရဲ့  သမန်တော် Abraham ရဲ့  သားတော် Ishmael ဟာ ဆော်ဒီနိုင်ငံ Mecca သဲကန္တာရမှာ ရေငတ်လို့ ငိုကြွေးပါတယ်။ ဒါကြောင့် ဘုရားသခင်က နတ်သမီးစေလွတ်ပြီး ရေတွင်းဖန်ဆင်းပေးခဲ့ပါတယ်။အချိန်ကာလ ကတော့ ၂၀၀၀ ဘီစီ ဖြစ်ပါတယ်။ ယင်းရေတွင်းကို ခေတ်အဆက်ဆက်က ထိန်းသိမ်းမွမ်းမံခဲ့လို့ ယနေ့တိုင် တည်ရှိနေရခြင်း ဖြစ်ပါတယ်။ အနက်ပေ - ၉၈ ပေ၊ အကျယ် ၃.၇ ပေမှ ၈.၉ ပေ တွင်းဝအကျယ် ရှိပါတယ်။ တွင်းရေအနက်ကတော့ ၁၀ ပေအထက် ၁၃ ပေအထိလောက်ကို ရှိပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုကတော့ ယင်းရေဟာ ပင်လယ်ရေများ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောက်ဆောင် ကျောက်ခဲတွေကြားမှာ စိမ့်လာ တဲ့ ရေများ ဖြစ် တယ်လို့ ဆိုပါတယ်။ စမ်းသပ်ချက်အနေနဲ့ ၂၄ နာရီလုံး ပန့်နဲ့ ရေမောင်းထုတ်ဖူးပြီး လီတာ ၈၀၀၀ လောက်ထိ ကုန်စေခဲ့ပါတယ်။ သို့ပေမယ့် ၁၁ မိနစ်အတွင်းမှာပဲ မူလ ၁၃ ပေ ပတ်လည် ရေအမြင့်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အစပိုင်းမှာ ယင်းရေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ အငြင်းပွားခဲ့ ဖူးပါတယ်။ သို့ပေမယ့် နောက်ဆုံးတော့ ယင်းရေများဟာ ကျန်းမာရေး မထိခိုက်စေပဲ သောက်သုံးရန် သင့်လျော်တယ်လို့ သိပ္ပံနည်းကျ ပြန်လည် သက်သေပြခဲ့ပြန်ပါတယ်။ နှစ်စဉ် ပွဲတော်ချိန်ရောက်ရင် ရက်တိုတွင်း ရေလီတာ သန်းချီကို ထုတ်ယူပါတယ်။ ပွဲတော် (Hajj) ကိုလည်း ပျှမ်းမျှ သန်း ၂၀ လောက် လာရောက်လို့ ဖြစ်ပါတယ်။ သို့တည်တိုင် ရေတွေ ပြန်ပြည့်မြဲ ဖြစ်ပါတယ်။ ဒါကြောင့် ယင်းရေဟာ ဘုရားက တိုက်ရိုက်ပေးသော ရေလို့ အစ္စလာမ် ဘာသာဝင်တို့ ယုံကြည်ပြီး အမြတ်တနိုးထား သောက်သုံးနေဆဲ ဖြစ်ပါတယ်။

--- အသေးစိတ် ဖတ်ရှုရန် - http://en.wikipedia.org/wiki/Zamzam_Well (ဗဟုသုတ ရရန် ဘာသာပြန်မျှဝေခြင်းသာ ဖြစ်သည်) http://www.innewsmyanmar.com/2012/11/blog-post_10.html https://m.facebook.com/story.php?story_fbid=382785688475236&substory_index=0&id=150948268325647

Credit : mayoneyinponepyinmat



Follow us on