1. Home
  2. Movie Stars - Celebrity

တစ်ကိုယ်တော် ခွေထွက်မယ့် ဟဲဗီးဖြိုး

Movie Stars - Celebrity ก.ค. 07, 2559 view 1,860

(၂)နှစ် သားအရွယ် ကတည်းက အနုပညာလောကထဲ့ကို ရောက်လာခဲ့ တဲ့ ဟဲဗီးဖြိုးကတော့ အခုချိန်မှာ အနုပညာသက်တမ်း (၁၈)နှစ်ရှိပြီဖြစ်ပါတယ် ။အသက်(၂၀)အရွယ် ဟဲဗီးဖြိုးက သူငယ်ချင်းတွေနဲ့ စုပေါင်း အခွေတွေ ထွက်ထားပေမယ့် တစ်ကိုယ်တော် အခွေထွက်ဖို့အတွက် အခုမှ ပြင်ဆင်ဖြစ်တာလို့လည်း ဆိုပါတယ်။

“အခုမှတစ်ယောက်တည်း သီ ချင်းခွေလုပ်ဖို့အတွက် သူငယ်ချင်းတွေ အကူအညီနဲ့အတူ စီစဉ်နေပါတယ်။ ပြီး တော့ နယ်တွေမှာ သီချင်းဆိုဖြစ်တာများပါတယ်။ ရုပ်ရှင် ပိုင်းဆိုင်ရာကိုတော့ ခဏရပ်ထားတယ်။ တခြားကလေး သရုပ်ဆောင်တွေက ကလေးသရုပ်ဆောင် ဘဝမှာတင် ရပ်သွားတယ်။ လူကြီးပိုင်းမှာပြန်ပြီး တက်လာတယ် ဆိုတာ မရှိပါဘူး။ ကိုယ်တွေ ကိုတော့ လူပျိုပေါက်ကလေး ရောက်လာပြီဆိုပြီး ပြောတယ်။ ကိုယ်တွေကျတော့ ပရိသတ်တွေက မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ရင် လက်ခံပေးတဲ့အတွက် ကျွန်တော်တအားဝမ်းသာပါတယ်။ သီချင်းကတော့ အခုမှ ၁ပုဒ်၊၂ပုဒ်လောက် စသွင်းရ သေးတယ်။ ဒီအခွေကို MTV တစ်ခါတည်း ထုတ်ပါ မယ်” လို့ ပြောပါတယ်။

ယခုလက်ရှိအချိန်မှာ ဇာတ်ကားရိုက်ကူးမှုတွေ မရှိသေးပေမယ့်လည်း နယ်ရှိုးများတွင် သီချင်းဆိုဖြစ်နေတယ်လို့ သိရပါတယ်။လတ်တလောမှာတာ့ သူငယ်ချင်းများဖြစ်ကြတဲ့ ယွန်းယွန်း၊ အိစိကွေး တို့နဲ့အတူ ရုပ်ရှင်သမိုင်း ကြောင်း ဇာတ်လမ်းတို ရိုက်ကူးနေပါတယ်။ “ဒီဇာတ်ကားကို ရိုက်ကူးဖို့ အတွက် ၂၃ ရက်နေ့မှာ ကျွန်တော့် ကိုခေါ်ခဲ့တယ်။ ရုပ်ရှင်သမိုင်း ကြောင်း ဇာတ်ကားမှာ ဘယ်နေရာဘယ်အခန်းက ပါဝင် ရတယ်မဟုတ်ဘဲ အနုပညာနဲ့တစ်ထောင့် တစ်နေရာကနေ ကူညီ ခွင့်ရရှိတဲ့အတွက် ဝမ်းသာမိပါတယ်” လို့ ပြောသွားခဲ့ပါ တယ်။

Credit:Popular Journal



Follow us on