
တွဲလာတာ ၆ နှစ်ရှိပြီဖြစ်တဲ့ Rosie Huntington နဲ့ Jason Statham တို့နှစ်ဦး စေ့စပ်ထားကြောင်းကို ဇန်နဝါရီလက ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်မယ့်နေ့ကိုတော့ ဖွင့်မပြောသေးပါဘူး။

ဗြိတိန်မော်ဒယ် Rosie Huntington ဟာ အမေရိကန် လွတ်လပ်ရေးနေ့ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် စူပါမော်ဒယ်လေးဟာ သူမရဲ့ ခင်ပွန်းလောင်း ဟောလိဝုဒ်မင်းသား Jason Statham နဲ့အတူ မီယာမီကမ်းခြေမှာ လျှောက်သွားရင်း လွတ်လပ်ရေးနေ့ကို ကျင်းပခဲ့တာပါ။

လွတ်လပ်ရေးနေ့ကို သာမန်လူတွေကြားထဲမှာ ရောနှောပျော်ပါးရင်း ကျင်းပခဲ့တဲ့ ဆယ်လီစုံတွဲဟာ လက်ချင်းတွဲလို့ ခြေဗလာနဲ့ သဲသောင်ပြင်ပေါ် လျှောက်သွားနေကြပါတယ်။ ဒေါ်လာ ၃၅၀,၀၀၀ တန်တယ်လို့ သိရတဲ့ စေ့စပ်လက်စွပ်ကိုလည်း Rosie Huntington ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ ရပါတယ်။

Credit:Duwun
comment