1. Home
  2. Myanmar News

ရန်ကုန်ဝန်ကြီးချုပ်စင်ကာပူကပြန်လာစဉ်လေဆိပ်၌ဆန္ဒပြခံရ

Myanmar News ก.ค. 07, 2559 view 1,738

စင်္ကာပူနိုင်ငံက ဇူလိုင်လ ၆ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မြန်မာနိုင်ငံ သို့ ပြန် လည်ရောက်ရှိလာသည့်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အထွက်၌ လူ ၁၀ ဦးခန့်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ စင်ကာပူနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) ရှိသည့် အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) မလိုတော့ကြောင်းပြောကြားခဲ့ သည်ဆိုသောစကားနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုပြုလုပ် ခဲ့ကြခြင်း ဖြစ်ကြောင်း၊ဆန္ဒပြသူများက ၀န်ကြီးချုပ်ကို အလိုမရှိကြောင်း ရေး သား၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

"ဒီရောက်မှတွေ့ကြတာပါ၊အချင်းချင်းနာမည်တောင်မသိကြပါဘူး၊အမျိုးဘာသာ သာသနာကို ချစ်တဲ့သူတိုင်း မဘသ ဖြစ်ပါတယ်"ဟုဆန္ဒပြရန် လာရောက်ခဲ့ သူ ဒေါ်အေးအေးမော် က ပြည်မြန်မာကိုပြောသည်။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ ၀င်ပြည်သူ ၅၀ ခန့်က ရန်ကုန်လေဆိပ်သို့လာရောက် ကြိုဆိုခဲ့ကြကြောင်း လည်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် လက်ရှိအစိုးရ အဖွဲ့ထဲတွင် ပထမဆုံးဆန္ဒပြခံရသည့်အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်တစ်ဦးဖြစ် သည်။

Credit : Pyi Myanmar



Follow us on