1. Home
  2. Movie Stars - Celebrity

ချစ်သူရဲ့မွေးနေ့အတွက် ငွေကြေးလှူဒါန်းခဲ့တဲ့ Liam Payne

Movie Stars - Celebrity ก.ค. 07, 2559 view 1,519

One Direction အဖွဲ့ဝင်ဟောင်း Liam Payne ဟာချစ်သူ Cheryl Cole ၏ အသက် ၃၃ နှစ်ပြည့် မွေးနေ့အတွက် Cheryl ရဲ့ ချို့တဲ့သူများ ကူညီရေးအဖွဲ့ Cheryl’s Trust ကို ငွေကြေးလှူ ဒါန်းခဲ့ကြောင်း သိရသည်။

လှပပြီး တန်ဖိုးကြီးလက်ဆောင် ၀ယ်ပေးခြင်းထက် The Prince’s Trust ချို့တဲ့သူများ ကူညီ ရေးအဖွဲ့နှင့် ပူပေါင်းတည်ထောင်ထားသော Cheryl ရဲ့ Cheryl’s Trust ချို့တဲ့သူများ ကူညီရေးအဖွဲ့သို့ ငွေကြေး လှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ “Cheryl ဟာ အရမ်းကို ပျော်နေပါတယ်။ သူမက ဒီမွေးနေ့လက်ဆောင်ဟာ အရမ်းကို ချစ်ဖို့ ကောင်းတဲ့ အပြုအမူလို့ တွေးကာ ပျော်နေပါတယ်။ သူမက သူမလိုအပ်တဲ့ အရာအားလုံးကို ရခဲ့ပြီလေ” ဟု Liam ၏ မွေးနေ့လက်ဆောင်နှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးနှင့် ရင်းနှီးသော သတင်း အရင်းမြစ်တစ်ခုက မေးအွန်လိုင်းကို ပြောကြားခဲ့သည်။

Cheryl’s Trust ချို့တဲ့သူများ ကူညီရေးအဖွဲ့သည် မူးယစ်ဆေးနှင့် အရက် အလွန်အကျွံသုံး စွဲခြင်း၊ အိမ်ခြေမဲ့ခြင်း၊ စိတ်ကျန်းမာရေး ပြဿနာရှိမှုများနှင့် ရင်ဆိုင်နေရသူများ၊ ကုသစောင့်ရှောက်မှု မရရှိသူများ အပါအ၀င် ဒေသတွင် အန္တရာယ်အများဆုံး ကြုံတွေ့နေရသော လူငယ်များကို အကူညီပေး ရန် လက်ရှိအချိန်တွင် နယူးကာဆယ်ဒေသတွင် လူငယ်စင်တာများကို တည်ဆောက်လျက် ရှိသည်။

Cheryl Cole နှင့် Liam Payne တို့ စုံတွဲသည် ချယ်ရီ၏ မွေးနေ့ပွဲကို လန်ဒန်ရှိ Coya စားသောက်ဆိုင် တွင် သူငယ်ချင်းများနှင့်အတူ ဆင်နွှဲခဲ့ကြသည်။

Credit:Mizzima 



Follow us on